Chapter - 45 ( 🚨🔞🚨 )

Start from the beginning
                                    

ရွာတံခါးကိုဝင်ဝင်ချင်း ထိပ်မှာ စိုက်ထူထားတဲ့ ဆိုင်းပုဒ်တစ်ခုကြောင့် မင်းယွီရော ဖန်းဂူပါ ကြောင်သွားကြလေတယ် ...

' ကယ်တင်ရှင် နတ်သားလေး ' ဆိုတဲ့စာလုံးအောက်မှာ ဖန်းဂူရဲ့ပုံတူပန်းချီကားကအထင်းသား ... ရွာသားတွေ ခေတ်မှီသူများမဟုတ်ကြသလို သူတို့မှာ ဖန်းဂူရဲ့ပုံလဲကျန်ရှိမနေခဲ့ဘူး ... ရွာပြင်ပြီးသွားတော့ ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုပြီး ပုံကိုရွာထိပ်ချိတ်ထားချင်ပေမဲ့ ကြံရာမရတဲ့အဆုံး ရွာသားတွေထဲက ပန်းချီဆွဲတတ်တဲ့သူတစ်ဦးက ဖန်းဂူပုံကိုမှန်းပြီး ဆွဲထားပုံပင် ...

နက်မှောင်တဲ့ဆံနွယ် စူးရဲတဲ့မျက်လုံး ထူထည်းတဲ့မျက်ခုံး တောင့်တင်းတဲ့ကိုယ်ခန္တာဖွဲ့စည်းပုံ အရာအားလုံးပေါက်းစပ်လိုက်တဲ့အခါ ပုံတစ်ပုံဖြစ်တည်လာပေမဲ့ သေချာကြည့်လေဖန်းဂူပုံနဲ့ကွဲပြားလေဖြစ်နေတယ် ... ဒါပေမဲ့ အတော်လေးတော့ဆင်တူနေတယ် ...

မင်းယွီက ပုံကိုစိုက်ကြည့်နေပြီးနောက် သူ့အနောက်မှာ မတ်မတ်ရပ်နေတဲ့ဖန်းဂူကိုတစ်ချက်ကြည့်လိုက်တယ် ... ဒီ ၂ ယောက်က တူတယ်ထင်ရပေမဲ့ ဒီလူရဲ့ပုံက ဒီရွာမှာ ရောက်နေစရာမှအ ကြောင်းမှမရှိတာ ... ပြီးတော့နတ်သားလေးတဲ့ ရယ်ချင်စရာပဲ ... ဒါပေမဲ့ မင်းယွီ သိချင်စိတ်တွေ ထိန်းမနေနိုင်တာနဲ့ မေးကြည့်လိုက်တယ် ...

" အဲ့ဒိပုံက ခများနဲ့ ဆင်သလိုပဲ "

ဖန်းဂူက ချောင်းတစ်ချက်ဟန့်လိုက်ရင်း ...

" မင်းအမြင်မှားနေပြီ ... ဒီပုံကငါနဲ့မတူပါဘူး ...

မျက်နှာကချွန်ချွန် မေးကကောက်ကောက် ဆံပင်ကေက လိပ်ကောက်ကောက်နဲ့ မျက်လုံးကလဲဆွေနေသေး ... နှာခေါင်းကလဲကြီးသေးတယ် ...

ဘယ်နေရာမှငါနဲ့တူမနေဘူး "

မင်းယွီက ဘာရယ်မသိပေမဲ့ ရုတ်တရပ်ရယ်ချင်သွားတယ် ... ဖန်းဂူပြောနေပုံက သူ့ပန်းချီကားကိုမလှအောင်ဆွဲထားလို့ ဒေါသထွက်နေတာ နဲ့တူနေတယ် ...

ထိုစဉ်သူတို့အနောက်က ခြေသံများတစ်စတစ်စ ထွက်ပေါ်လာခြင်းကြောင့် အနောက်သို့လှည့်ကြည့်လိုက်ရာ ဒူးလေး မြားနဲ့ ဓားတချို့ကိုင်ဆောင်ထားတဲ့ အသားညိုညို ဒေါင်ကောင်းကောင်း အမျိုးသား ၆ ဦးခန့်ရပ်နေတာကိုတွေ့လိုက်ရတယ် ... မလှမ်းမကမ်းမှာလဲ အသားညိုညို ဆံပင်နက်မှောင်ကိုစုစည်းတဲ့ အမျိုးသမီးတချို့ သူတို့အားအကဲခပ်ကြည့်နေကြလေတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now