အမှန်တရားက အရာအားလုံးဟာ လှည့်ကွက်တစ်ခုသာဖြစ်ပြီး သခင်လေးက မင်းယွီကို လူတွေမသိအောင် ဖုံးကွယ်ပေးထားတာဆိုတာ ဖွင့်ပြောလို့မရသေးဘူး ... သူတို့မာဖီးယားတွေက နှုတ်လုံရတယ် ... ဒီလမ်းကိုမလျှောက်ခင်က ကျိန်ဆိုထားတဲ့စကားတွေကြောင့် ချူးရှန့်လွယ်လွယ်ပြန်မပြောနိုင်ပဲ မင်းယွီအတွေးမလွန်အောင် နှစ်သိမ့်ပေးယုံသာရှိတော့တယ် ...

" မင်းယွီ ... ဒီမှာကမင်းအတွက် ပိုလုံခြုံတယ် ...

ဘာမှတွေးမနေနဲ့ ... ဘယ်အရာမှ ကိုမြင်နေတဲ့အတိုင်းအမှန်တရားတွေဖြစ်မနေဘူး ...

မင်းသည်းခံပြီး စောင့်ကြည့်ပေးပါ ...

အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားတဲ့ထိပါပဲ "

ဘာများပြောင်းလဲသွားမှာမို့လဲ ... ကျွန်တော်က အစေခံပဲလေ ... ကျွန်တော့ကလေးကအစေခံရဲ့ရင်သွေး ... ဒီမှာမွေးတော့ ဟိုအမျိုးသမီးရဲ့အနိုင်ကျင့်မှုတွေပဲ ခါးစီးခံနေရမှာအသေအချာပဲ ...

" မင်းယွီ ... သခင်လေးကိုမင်းယုံကြည်ပေးပါ ...

သူကလူကောင်းတစ်ယောက်ပါ "

ချူးရှန့်စကားတွေကိုနားမလည်ပေမဲ့လဲ မင်းယွီအထွဋ်မတက်တော့ပဲ လက်ခံလိုက်လေတယ် ...

*

*

*

ဒီနေ့သခင်ထူးဆန်းနေတယ် ... ခြေလဲမငြိမ်ဘူး ... တစ်ခါတစ်လေ သူ့လက်ကိုစိုက်ကြည့်နေတယ် ... တစ်ခါတစ်ရံ သေနတ်ကောက်ဆွဲပြီး ကွင်းထဲပြေးသွားပြန်တယ် ... ပြီးရင် သေနတ်သံအကျယ်ကြီးကြားရပြီး ပြန်ငြိမ်သွားပြန်တယ် ...

ဒီအမူအကျင့်တွေက သခင်ဒေါသထွက်နေချိန်မျိုး စိတ်လှုပ်ရှားနေချိန်မျိုးမှ ဖြစ်ပေါ်လေ့ရှိပြီး ထိုအချိန်ကလဲ ရှားပါးလွန်းပါတယ် ... ချူးရှန့်တကယ်ကို မတွေးတတ်တော့ဘူး ...

" သခင်လေး "

ရှန်ဖန်းဂူက လက်ထဲမှာ သေနတ်ကိုင်ထားလျှက် သူ့ထံလှည့်ကြည့်လာတယ် ...

" အရေးမကြီးရင် နောက်မှပြော "

ဖန်းဂူ သေနတ်ကိုချိန်ရွယ်လိုက်ပြီး အရှေ့က ရုပ်ထုကို ပြစ်လိုက်တဲ့အခါ နှလုံးသားတည့်တည့်ကို ထိမှန်သွားတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now