Chapter - 44

33.7K 4.6K 903
                                    

#Unicode

ရှုတ်ထွေးနေတဲ့အထုတ်တွေကြားငုတ်တုတ်လေးထိုင်နေတဲ့ မင်းယွီကိုမြင်လိုက်ရတော့ ချူးရှန့်လန့်ပင်သွားမိတယ် ...

" မင်းယွီ ဘာဖြစ်လာတာလဲ "

မင်းယွီက ပင်ပန်နေဟန် သက်ပြင်းဖွဖွချလိုက်ရင်း ...

" ကျွန်တော် မလိုချင်ပါဘူးဆို ပစ္စည်းတွေအတင်းဝယ်ပေးပြီး ခုတော့အကြွေးပြန်ဆပ်ရမယ်တဲ့ ...

ကျွန်တော်က ရတဲ့ငွေလေးကို ကလေးအတွက် စုမလို့ စဉ်းစားထားတာ "

" အော် ... ဘာများလဲလို့ ...

အဲ့ဒိအတွက်ပူမနေပါနဲ့ ...

သခင်လေးက အတည်ကြီးမတောင်းလောက်ပါဘူး "

ချူးရှန့် ဒီနေ့သူ့သခင် အပြင်မထွက်စဖူးထွက်သွားတာကိုသိပေမဲ့ ခုလိုထူးဆန်တဲ့အရာတွေ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး ...

မင်းယွီရဲ့အထုတ်တွေကို ဖြည်ကြည့်တော့ အားလုံးကအဖိုးတန်တွေနဲ့ အိုမီဂါအတွက်လိုအပ်တဲ့ပစ္စည်းတွေ ... ဘယ်တုန်းကများ ဝယ်ပေးဖို့အကြံရသွားလဲမသိပေမဲ့ သခင်ရဲ့ပြောင်းလဲနေတဲ့အမူအကျင့်တွေကို ချူးရှန်တဖြေးဖြေး ပိုပိုပြီးသိလာတယ် ...

သူက မင်းယွီအထုတ်တွေကို ကူသိမ်းပေးပြီး ...

" ဒီပစ္စည်းတွေအားလုံးက မင်းယွီအတွက် လိုအပ်တာတွေကြီးပဲ ... အကုန်သိမ်းပြီးပြီ ...

အကိုတောင်ထပ်ပြီး ဝယ်ပေးနေစရာမလိုတော့ဘူး "

မင်းယွီက တိတ်ဆိတ်နေရင်းကနေ ချူးရှန့်အားကြည့်လာပြီး လေးနက်စွာဖြင့်မေးလိုက်တယ် ...

" အကို ... ကျွန်တော်ဒီကနေ ထွက်သွားလို့ရအောင် ဘယ်လိုလုပ်ရမလဲဟင် ...

ဒီပစ္စည်းတွေလဲမလိုချင်ဘူး ...

မကြာခင် ဒီအခန်းရဲ့တကယ့်ပိုင်ရှင်အစစ်က ရောက်လာတော့မှာ "

ချူးရှန့်သိလိုက်ပြီး ... မင်းယွီ ခုချိန်ထိ ရက်စ်ဒီကလေးက သခင်ရဲ့ကလေးဖြစ်ပြီး သူတို့အမှန်တကယ်လက်ထက်ဖို့ဆုံးဖြတ်ထားကြတယ်လို့ ယုံကြည်နေပြီး သူကအပယ်ခံတစ်ယောက်လို့ ထင်နေသေးပုံရတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now