Chapter-5 (Formula Of Love )

Começar do início
                                    

" ဗျာ "

" မင်းကိုယ့်ကိုခင်လား "

" ခင်တာပေါ့ ခင်တာမှ တစ်ဖက်ကို လွန်နေတာပဲ အကိုက ကျွန်တော့်အတွက်နှစ်ယောက်မရှိတယ့်သူဒါပင်မယ့် အကိုပြန်သွားရင်အရင်လိုညီကတစ်ယောက်ထဲဖြစ်နေတော့မှာ "

ဝမ်းသာသလိုလိုနှင့်ဝမ်းနည်းစပြု လာပြီဖြစ်သောကလေးငယ်ကြောင့်သည်ခေတ် ကလေးငယ်၏ ကိုယ်လေးအား ဆွဲလှည့်လိုက်ကာ ရင်ခွင်အတွင်းသို့ သက်ဆင်းစေပြီး ဆံပင်မို့မို့လေးများအားအသာနမ်းရှိက်လိုက်လေသည်

" ညီကိုယ့်ကိုတား "

သည်ခေတ်၏ အဆုံးအစမရှိသောစကားတစ်ခွန်းကြောင့် ရင်ခွင်အတွင်းမှကလေးငယ်ဟာ လှုပ်ရှားလာပြီး

" ကျွန်တော်တားခွင့်ရှိလို့လား အကို ကျွန်တော်တားရင်အကိုတစ်ကယ်မပြန်တော့ဘူး လား အကိုအလုပ်တွေကကော ဘယ်လိုလုပ်မလဲ အကို့ကိုမပြန်ပါနဲ့ပြောရအောင် မပြန်ပါနဲ့တားရအောင် ညီမှာ အခွင့်အရေးရှိလို့လား . . ."

ကလေးငယ်ဟာမေးခွန်းပေါင်းများစွာမေးနေ
သော်လည်း  သည်ခေတ် ပြန်မဖြေနိင်သေး
ပြောရင်းနှင့်ပင်မျက်ရည်များကျလာသောကလေးငယ်ကြောင့်
သည်ခေတ် ယခင်ကထက်ပင်ပိုမိုတင်းကြပ်စွာဖက်တွယ်ထားလိုက်လေသည်

" မငိုပါနဲ့ညီ မငိုနဲ့တော့ ညီငိုရင် ကို မခံစားတတ်ဘူး ကိုအတည်ပြောတာပါ ညီသာတားရင် ကို မပြန်တော့ဘူး ကို Cantonment လမ်းမှာ ပြခန်းလေးတစ်ခန်းဝယ်ထားတယ်
အလုပ်ကကိစ္စမရှိပါဘူး ပြီးတော့ညီမှာကို့ကိုတားပိုင်ခွင့်အပြည့်အဝရှိတယ် ဘာလို့ဆိုညီက ကိုယ့်အတွက်တစ်ဦးထဲသော လူသားလေးမို့လို့ "

ထိုသို့ပြောကာမှ ငိုနေသော ကလေးငယ်မှာ ပြန်လည်ကာဖက်တွယ်လာပြီး

" မသွားပါနဲ့အကို ညီ့ကိုထားပြီးမထွက်သွားပါနဲ့နော်
ညီလေအကိုပြန်တော့မယ်လို့တွေးမိတိုင်း စိတ်ထဲမှာ ဘယ်လိုခံစားချက်ကြီးမှန်းမသိဘူး ဖြစ်နေခဲ့တာ ထွက်မသွားပါနဲ့နော် !!!"

" ကိုမသွားတော့ပါဘူး အဲ့တာကြောင့်မငိုနဲ့တော့ ကလေးက လိမ္မာတယ် ကြည့်ပါဦး နှာရည်တွေတောင်ထွက်နေပြီ ငိုနဲ့တော့ငိုနဲ့တော့ "

Love From Singapore Chinatown( completed)Onde histórias criam vida. Descubra agora