ပထမက ဖန်းဂူ ကျားကိုဖြိုလဲှဖို့ဆိုရင် ကျားရဲ့အားနည်းချက်ကို သိဖို့လိုတာမို့ ကျားရဲ့ယုံကြည်မှုကိုရအောင်ယူလိုက်တယ် … ကျားကလဲ ပါးလစ်တဲ့လူဆိုတော့ ဖန်းဂူအရင်ဦးဆုံး သူ့ကိုသံသယကင်းအောင် သူ့ရဲ့လျှို့ဝှက်ချက်တချို့ကို ပြလိုက်တယ် … အဲ့ဒါက သူ့လက်နတ်တွေ သိမ်းစည်းထားတဲ့ သူ့နယ်မြေထဲက ကျွန်းတစ်ခု …

ကျားကအဲ့ဒါကိုမြင်တော့ ခင်္သြေ့သူနဲ့တကယ်ပူးပေါင်းတော့မယ်လို့ထင်သွားတယ် … ကျားကြီးဘယ်လောက်ပါးနက်ပါစေ အဲ့ဒိနယ်မြေက ဖန်းဂူဖန်တီးတားတဲ့ အယောင်ဆောင်ဆိုတာတော့မသိရှာဘူး … ဖန်းဂူမှာ အပေါဆုံးက လက်နတ်အပြင် နယ်မြေတွေပဲ … အဲ့ဒိနယ်မြေတွေကို သူကြိုက်သလိုဖန်တီးလို့ရတယ် … ချက်စ်ကစားသလိုမျိုးပေါ့ …

ပထမတော့ ကျားက ခင်္သြေ့အသိုက်ကိုလေ့လာတယ် … ခင်္သြေ့အတွက် ကျားကိုအယုံသွင်းဖို့  အယောင်ဆောင်အသိုက်အအုံဖန်တီးဖို့က မခဲရင်းဘူး  … နောက်ဆုံး ကျားကြီးလုံးဝယုံကြည်သွားတယ် … သူ့သမီးနဲ့ စေ့စပ်ပြီးသွားတော့ ဟန်တောင်မဆောင်နိုင်တော့ပဲ ဖန်းဂူကို သူ့နယ်မြေခေါ်ပြီး သူ့လူတွေနဲ့မိတ်ဆက်ပေးတော့တာပဲ …

အဲ့ဒါ ခင်္သြေ့လိုချင်နေတဲ့ အချက်ပဲလေ  … နောက်ဆုံး ကျားကြီးက သူ့ရဲ့ချက်စ်ပေါ်က အရုပ်တစ်ခုဖြစ်လာပြီ … စိတ်ကြိုက်ချယ်လှယ်ဖို့ပဲလိုတော့တယ် …

ကျားရဲ့နယ်မြေက ခင်္သြေ့မှန်းထားတာထက်ကျယ် ပြန့်သလို သူ့ကိုယုံကြည်သူတွေလဲများတယ် … ဒါကြောင့်လဲ ခင်္သြေ့လွယ်လွယ်ကူကူရှာဖွေလို့မရနိုင်တာမဆန်းပါဘူး … ဒီတကြိမ် ကျားနဲ့ခင်္သြေ့ရဲ့ပွဲက ထင်ထားတာထက် ပွဲကြီးပွဲကောင်းဖြစ်လာတော့မှာအသေအချာပဲ …

ကျားက အလင်းလောကရဲ့ အကြီးအကဲတချိုးနဲ့ သူ့သမက်လောင်း ခင်္သြေ့ကိုမိတ်ဆက်ပေးတယ် … အားလုံးက ရှန်ဖန်းဂူကို သိပြီးသားမို့ မြန်မြန်ဆန်ဆန်ပဲ ရင်းနီးသွားကြတယ် … ကျားရဲ့လူတွေကို သိတာကလဲ ခင်္သြေ့အတွက် အခွင့်ကောင်းတစ်ခုလို့ဆိုရမယ် …

သူတို့က ရှန်ဖန်းဂူကို စီးပွားရေးလောကသားလို့ပဲသိထားကြတာ … ကျားကလဲ သူ့လူအားလုံးကို ဖန်းဂူက Lion ဖြစ်ကြောင်း လိုက်ပြောရအောင် ရူးနေတဲ့သူမဟုတ်သေးဘူး … ခုသူ့သမက်လောင်းဖြစ်လာတော့ သူကိုယ်တိုင်က ကာကွယ်ပေးနေတယ် … ဒါက ခင်္သြေ့လိုချင်တဲ့အကွက်ပဲ … ရန်သူက ကို့ကိုကာကွယ်ပေးနေတာ ဘယ်လောက်တောင် ဂုဏ်ဆာဖို့ကောင်းလိုက်သလဲ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now