jennieပခုံးပေါ်ကျဆင်းလာတဲ့lisaမျက်ရည်
တွေကြောင့်jennieဘာမှဆက်မပြောတော့ဘဲမိနစ်အနည်းငယ်လောက်
ငြိမ်နေလိုက်မိတယ်...

-တော်တော့ကလေးမဟုတ်ဘူး...
အဲ့လောက်ငိုမနေနဲ့...ငါမသွားဘူးဘယ်မှ...
ဒါပေမယ့်မင်းပေါ်အများကြီး
မူတည်တယ်နော်...ငါ့ကိုပေါ့ပေါ့တန်တန်
အဲ့လိုဆက်သဘောထားနေရင်
ဒီကနေတကယ်ပြောင်းမှာ...

-မဖြစ်စေရဘူးနော်Unnie...
ရတယ်မချစ်လည်းရတယ်...
Lisaအဖြေလည်းမတောင်းဘူး...
မတွဲလည်းရတယ်...Unnieမတွဲချင်လည်း
ရပါတယ်...အရေးကြီးတာUnnie
မုန်းမသွားရင်ဘဲတော်ပါပြီ...
Lisaကတိပေးတယ်နော်...
ဒီလိုနောက်မဖြစ်စေရဘူး...

Lisaတကယ်လေးလေးနက်နက်ပြောနေတာလို့Jennieယုံကြည်ချင်နေမိတယ်...
ဘာကြောင့်မှန်းမသိပေမယ့်Lisaအမှန်တိုင်းပြောနေတာလို့ထင်နေမိတယ်...အဲ့တာတွေကသူမရဲ့ခုလိုတွေ့ရခဲတဲ့အားငယ်တတ်တဲ့ပုံစံနဲ့မျက်ရည်တွေကြောင့်ဖြစ်မယ်ထင်တယ်...ခက်လိုက်တာLisaYa...ဘာလို့ငါ့ကိုမှ
လာချစ်ရတာလည်း...တကယ်ပါ...
ဒီUnnieကမင်းတွက်မကောင်းဘူး...
မလိုက်ဖက်နိုင်ဘူးလေ...

တောင်းပန်ပါတယ်Unnie...Lisaတကယ်ချစ်တာမလို့...ရိုင်းမိသွားရင်လွန်သွားတာရှိရင်
တကယ်တောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး...UnnieကိုLisaချစ်တယ်...အဲ့လိုလေးဘဲချစ်ချင်တယ်...Unnieအချစ်ကိုလည်း
လိုချင်နေမိတယ်...

ဒါပေမယ့်မရနိုင်ဘူးထင်တယ်...
ဘာလို့လဲဆိုLisaကဘာမှမဟုတ်ဘူးလေ...
ဘာမှမဟုတ်ဘူး...အဲ့ကြောင့်Unnieပြန်မချစ်နိုင်လည်းရတယ်...အရေးကြီးတာUnnieကို
ချစ်နေရဖို့ဘဲ...ပြီးတော့အနားမှာရှိနေချင်တယ်...Unnieရဲ့ပျော်ရွှင်မှုတွေကိုLisaနဲ့
စတင်ချင်မိတယ်...Unnieရဲ့ပျော်ရွှင်မှုတွေ
ဆက်ပြီးအသက်ဝင်ဖို့Lisaတတ်နိုင်သလောက်ဂရုစိုက်ပေးချင်မိတယ်...
Unnieရဲ့ပျော်ရွှင်မှုကိုကုန်ခမ်းမသွားအောင်
လည်းLisaဂရုစိုက်ချင်နေမိတယ်...

JennieKimဝမ်းနည်းတဲ့အချိန်တိုင်းအနားမှာ
နေပြီးနှစ်သိမ့်ပေးချင်တယ်...JennieKim
ပျော်နေတဲ့အချိန်တိုင်း...အထူးသဖြင့်ပါးမှာ
နေရာယူတတ်တဲ့သိပ်ကိုလှတဲ့ပါးဖောင်းဖောင်းလေး...အဲ့ပါးဖောင်းဖောင်းလေးနဲ့
ကပ်စေးကုပ်တတ်တဲ့အပြုံးလေးကိုလည်း
ထိုင်ကြည့်ချင်တယ်...ချစ်တယ်Unnie...
Unnieရီမောသံလေးကိုလည်းမက်မောမိတယ်...နားထောင်ချင်မိတယ်...
အဲ့လိုအရာတွေကိုLisaလိုချင်မိတာ
သိပ်မများဘူးမလား...မလွန်လွန်းဘူးမလား...

I BELIEVE YOU{JENLISA MYANMAR}Z+UWhere stories live. Discover now