ထိုစဉ် ဖန်းဂူအပေါ်ထပ်ကနေဆင်းလာပြီး သူတို့ ၂ ယောက်အရှေ့မှာ ဝင်ထိုင်လိုက်တယ် … မင်းယွီမိခင်က ငိုကြွေးနေရင်းနှင့်ပင် ဖန်းဂူအား မကြေမနပ်ဖြင့်စိုက်ကြည့်နေပြီး ဖခင်ကတော့ သိသိသာသာကိုပင် ရှောင်ဖယ်နေတယ် …

ဖန်းဂူက စာရွက်စာတန်းတချို့ကို ချူးရှန့်အား ထုတ်စေလိုက်ပြီး မင်းယွီဖခင်နဲ့မိခင်ရှေ့ ချပေးစေလိုက်တယ် … ချူးရှန့်က ဘောပင်ကို ချပေးလိုက်ပြီး ထိုထဲကအချက်အလက်တချို့ကို တိကျစွာ ရှင်းပြလိုက်တယ် …

" ဒေါ်လေးတို့ရဲ့သား ပိုင်မင်းယွီက ခုဆို သခင်လေးပိုင်ဆိုင်တဲ့အိုမီဂါတစ်ယောက်ဖြစ်သွားပါပြီ …

သူ့ကို ပိုင်ဆိုင်မှုအချက်အလက် တိကျစွာနဲ့ Omg အဖွဲ့အစည်းကနေ ရွေးချယ်ထားခြင်းပါ …

ဒါကြောင့် ဒေါ်လေးတို့က မင်းယွီနဲ့တော်စပ်ပေမဲ့ မပိုင်ဆိုင်တော့ပါဘူး …

ဒီစာရွက်မှာ လက်မှတ်ထိုးပေးပါ … ဒီထဲမှာ အဒေါ်တို့အတွက် ပိုင်ဆိုင်မှုတချို့လွှဲပေးထားတယ် …

ပြီးတော့ … နောက်ထပ်ဘယ်တော့မှ ပိုင်မင်းယွီကို အဒေါ်တို့ခေါ်ခွင့်မရှိပါဘူး …

သခင်လေးရဲ့စေသနာကို လက်ခံပေးပါ "

ထိုစာရွက်စာတန်းတွေက SH Club ရဲ့လုပ်ငန်းတချိုးထဲကနေ မင်းယွီမိဘတွေ လုပ်ကိုင်စားသောက်နိုင်လောက်မဲ့ ပမာဏထည့်ပေးထားပြီး သူတို့ ၂ ဦး ဘာမှပူစရာမလိုပဲ ဖူဖူလုံလုံနေနိုင်တယ် …

ဖန်းဂူက လူတွေကိုလိုက်ပြီးကူညီနေတဲ့ စေသနာရှင်ကြီးမဟုတ်ပေမဲ့ ရှုယွမ်ကတောင် မင်းယွီမိသားစုကိုကူညီနေတာပဲ သူကလဲဘာကြောင့်မပေးနိုင်ရမှာလဲဆိုတဲ့ ခံယူချက်နဲ့ ပေးလိုက်ချင်းပင် … အာဂသတ္တိများနဲ့ပြည့်စုံတဲ့ ထိုအမျိုးသမီးက စာရွက်တွေကို လုံးခြေပြီး သူ့ထံပြစ်ပေါက်မယ်လို့ ဘယ်သူက ထင်မိလိမ့်မလဲ …

အမှန်ပင် … သူမက ချူးရှန့်စကားဆုံးသည်နှင့် အရှေ့ကစာရွက်ကို ကြိုးချည်ထားတဲ့လက် ၂ ဖက်နဲ့လှမ်းယူပြီး လုံးကာ ဖန်းဂူထံတန်းတန်းမက်မက်ပြစ်ပေါက်လိုက်လေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now