🍃Intro🍃

14.7K 600 9
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ပင်ယံထက်ဆီက...
သစ်ရွက်ဟောင်းတစ်ချို့
လေထဲဝေ့ဝဲလျက် မြေပြင်ပေါ်သို့
ညင်သာစွာပဲ ခညောင်းလာတယ်...။

တချို့ရွက်ဟောင်း​တွေကတော့
မြေပြင်ပေါ်သို့ မကြွေလွှင့်ချင်သည့်နှယ်..
သစ်ကိုင်းခြောက်များအား
ခိုကပ်လျက်...။

တိုက်ခတ်နေတဲ့လေနုအေးလေးဟာလဲ
ခပ်ပြေပြေလေးရယ်..။
ကောင်းကင်ထက်က
မိုးသားပြာပြာထက်ဝယ်..
အဖြူရောင်တိမ်စိုင်...တစ်ချို့က
လေနှင်ရာရွှေ့လျားနေလေတယ်..။

အရာအားလုံးဟာ..
သာယာသလိုရှိပေမယ့်လို့..
လွမ်းမောဖွယ်ရာ...။

ရွက်ဟောင်းတို့..
ကြွေလွှင့်နေတဲ့ သစ်ပင်အောက်ဆီက
ထိုင်ခုံလေးထက်ဝယ်..
ကောင်လေးတစ်ယောက်ဟာ..
ခဲတံလေးတစ်ချောင်းကိုကိုင်ထားရင်း
လှပတဲ့ပန်းချီကားတစ်ချပ်ကို
အနုစိတ်ရေးဆွဲနေလေတယ်..။

ထိုပန်းချီကားလေကိုဆွဲနေတဲ့
ကောင်လေးဟာတော့..
ထိုပန်းချီလေးထဲ စိတ်နစ်ပြီးဆွဲနေသယောင်..။

သို့ပေမယ့် ဝမ်းနည်းနေတဲ့
အသွင်အပြင်တချို့ နှင့်အတူ
ထိုကောင်လေးရဲ့မျက်ဝန်းထက်စီကမျက်ရည်
တစ်ချို့ဝေ့ဝဲလျက်...။

အနှီကောင်လေးရဲ့လက်ထဲက
ပန်းချီကားချပ်လေးဟာ..ဆွဲပြီးလုနီးနီး..။

ပန်းချီကားချပ်ထဲက လေးထောင့်
ဆန်ဆန်အပြုံးကို ချိတ်ဆွဲထားတဲ့
ကောင်လေးတစ်ယောက်ရဲ့
နှာခေါင်းထိပ်ကို မှဲ့နက်လေး တပ်ကာ
အဆုံးသတ်လိုက်တဲ့ ပန်းချီကားတစ်ချပ်လေး..။

အရာအားလုံးပြီးပြည့်စုံလွန်းလှတဲ့
ပန်းချီကားလေးဟာ..
လက်ရာမြှောက်လွန်းလှတယ်..။

ဆွဲလို့ပြီးသွားတဲ့ပန်းချီကားချပ်လေးအား..
နေရောင်ထိုးရာဖက်...ထောင်လိုက်ကာ
ထိုကောင်လေးအား..
လွမ်းဆွတ်မှုအပြည့်....ကြေကွဲဖွယ်ရာ
မျက်လုံးဖြင့် တစ်ငေးတစ်မော
သူကြည့်နေလေတယ်..။

ထို့နောက်..အက်ကွဲကာ..အက်ရှရှဖြစ်နေတဲ့
အသံနဲ့အတူ ကောင်လေးရေရွတ်လိုက်သည်က

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now