chapter 17

290 11 2
                                    

"ညီမ နှစ်ယောက်ခန်းတစ်ခန်းပေးပါ"

"ဟုတ်မမ ဒီမှာ အခန်းနံပါတ်201ပါ အမတို့နှစ်ယောက်ရဲ့မှတ်ပုံတင်လေးထားခဲ့ပေးပါရှင့်"

"ဟုတ်ကဲ့ပါရှင့် ဟီး"

"ဖူး ပျော်ပျော်နေမယ်နော် စိတ်ညစ်စရာတွေအကုန်မေ့လိုက်တော့ ငါတို့အားတုန်းလေးကဲကြမယ်"

"အေး ဆော့မယ်😁"

"အမ သူ့နောက်လိုက်သွားလိုက်ပါ သူအခန်းလိုက်ပြပါလိမ့်မယ်"

"ညီမရေနှစ်ယောက်ခန်းတစ်ခန်းလောက်"

ဖူးရင်းရင်းနှီးနှီးအသံကြားလိုက်တော့

"နှင်း...."တိုးတိုးလေးရေရွတ်လိုက်သည်။

ဘေးနားမှာမိုးမြင့်နဲ့ ပျော်ရွှင်နေလိုက်တာနှင်းရယ် နင်ငါ့ကိုမေ့နိုင်သွားပြီလား အေးပေါ့လေ ငါကနင့်ကိုစိတ်နာအောင်လုပ်ခဲ့တာကို ဘာဘဲဖြစ်ဖြစ်ငါကျေနပ်ပါတယ်ဟာ မိုးမြင့်ကနင့်ကိုတစ်ကယ်ချစ်နိုင်တာကို ငါနောက်ဆုတ်ပေးလိုက်တာမှန်ပါတယ်နှင်းရယ်...

ကျတော့မည့်ဆဲဆဲ မျက်ရည်စများကိုမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးဖယ်ရှားလိုက်သည်။

နှင်းမမြင်ပါစေနဲ့လို့ဘဲဆုတောင်းပြီး လှည့်ထွက်သွားလိုက်သည် သို့သော် ဖူးရဲ့ဆုတောင်းကမပြည့်ခဲ့ပါဘူး နှင်းသူမကိုမြင်သွားသည် ဒါပေမယ့် ဖူးထင်ထားသလိုမဟုတ်ခဲ့ သူက ဖူးကို သူစိမ်းတစ်ယောက်လို ဘယ်တုန်းကမှ မပတ်သတ်ဖူးခဲ့တဲ့လူတစ်ယောက်လို့ကြည့်လိုက်ပြီးတော့ ဘေးနားကနေဖြတ်လျှောက်သွားလိုက်တာ.....

နင်နေနိုင်တယ်နော် နှင်း.......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဖူးရယ် စိတ်လျော့ပါ နင်တစ်ခါမှသောက်ဖူးတာလဲမဟုတ်ဘူး"

"ငါမှားသွားပြီမိုး ငါ ငါသူ့ကိုအမုန်တိုင်းပြောလိုက်ရမှာ ငါ့ကိုမိုးမြင့်ခိုင်းလို့ ငါလိမ်ခဲ့ရတာပါလို့ငါပြောလိုက်မှာကွာ"

ခွမ်း...!!

ဖူးစိတ်တိုတိုနဲ့ နံရံကိုသောက်လက်စဖန်ခွက်နဲ့ကိုင်ပေါက်လိုက်တယ်

 လေလွင့်ငှက်..Where stories live. Discover now