အပိုင်း (၃၂)

Start from the beginning
                                    

“ဘယ်မိန်းကလေးလဲ...”

ဘာကြောင့်ရယ်မသိ။ ထိုအစေခံမိန်းကလေးထံမှ 'မိန်းကလေး'ဟူသည့်စကားအား ကြားလိုက်ယုံဖြင့် ရှီချန်အန်း၏စိတ်ထဲတွင် တစုံတရာအား မှန်းဆမိလိုက်နိုင်သည်။ ထို'နန်ရှီး'ဟုခေါ်သော မိန်းကလေးပင် ဖြစ်ရမည်ဟု...။

ထင်သည့်အတိုင်းပင်။ အမှန်တကယ်လည်း ရှီချန်အန်း မှန်းဆထားခဲ့သလိုပင်။

ယနေ့ ရှီချန်အန်း အိမ်တော်မှထွက်သွား၍မှ များမကြာမီတွင်ပဲ...အိမ်တော်၏ ကိုယ်ရံတော်အစောင့်များမှ ပြင်းထန်စွာ ဒဏ်ရာများရထားပြီး၊ သတိလစ်မေ့မျောနေသည့် မိန်းကလေးတဦးအား ခေါ်ဆောင်လာခဲ့သည်။ ထိုသို့သော မျိုးရိုးနိမ့် သာမန်မိန်းကလေးတဦးအား ရှန်ဝမ်အိမ်တော်၏ ကိုယ်ရံတော်အစောင့်များမှ အဘယ့်ကြောင့် ဂရုတစိုက်၊ အရေးတယူပြုကာ ခေါ်ဆောင်လာရသည်အား အိမ်တော်ရှိ အစေခံများအနေဖြင့် နားမလည်နိုင်ဖြစ်နေရသည်မှာ သဘာဝကျသည်။ ရှီချန်အန်းသည်ပင် သတိလစ်မေ့မျောနေဆဲသော နန်ရှီးအား ဂရုစိုက်၊ စောင့်ကြည့်ပေးနေသည့် ရှောင်းချင်းယန့်အား တွေ့လိုက်ရမှသာ 'ဘာကြောင့်'ဟူသည်အား သိလိုက်ရသည်။

ထိုနေ့က ရှောင်းချင်းယန့်သည် ထိုမိန်းကလေးအား ဒီအတိုင်း လွှတ်ပေးလိုက်ရသည်။ သို့သော်...သူ အိမ်တော်သို့ ပြန်ရောက်သည်နှင့် နေ့စဉ် တောင်ပေါ်တက်ကာ ဆေးမြစ်တူးသည့်နန်ရှီး၏နောက်သို့ လူလွှတ်ကာ တိတ်တဆိတ် စောင့်ကြည့်ခိုင်းစေခဲ့သည်။ ယနေ့ နန်ရှီးသည် တောင်ပေါ်တွင် မတော်တဆဖြစ်မှုတခုနှင့် ကြုံတွေ့ခဲ့လေရာ သူမအား တချိန်လုံး နောက်ကွယ်မှ တိတ်တဆိတ် ကာကွယ်စောင့်ရှောက်နေသည့် ကိုယ်ရံတော်တို့သည် နှောင့်နှေးမနေဘဲ သူမအားခေါ်ဆောင်လာခဲ့လေခြင်းပင် ဖြစ်သည်။

"ဝမ်ရယ်...ဝမ်ရယ်မှာလဲ ဒဏ်ရာကြီးနဲ့ ရှိသေးတယ်...အရင် ပြန်နားလိုက်ပါလား...ဒီနေရာမှာ သူ့ကို သေချာ စောင့်ကြည့်ပေးဖို့ ကျွန်တော် သေသေချာချာ စီစဉ်ထားလိုက်ပါမယ်...တကယ်လို့...ဝမ်ရယ် စိတ်မချရင်လဲ...ကျွန်တော်ကိုယ်တိုင် ဒီနေရာမှာ စောင့်ပေးနေလိုက်ပါ့မယ်..."

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(Myanmar Translation)(Zawgyi)Where stories live. Discover now