"ကိုကိုက ကြည့်သာကြည့်နေတာ၊ စိတ်က သူ
တို့ဆီမှာ ရှိတာမဟုတ်ဘူး..."

"လျှောက်ပြောမနေနဲ့"

"စိတ်က ဒီက ကလေးလေးဆီမှာ"

အနောက်ဘက်ကနေ သိမ်းကြုံးဖက်ထားရင်းနှင့်
Jiminရဲ့ ပါးပြင်လေးနှစ်ဖက်ကိုလဲ တရွှတ်ရွှတ်
မြည်အောင် အကြင်နာပေးနေမိသည်။သူဘယ်
တော့မှ နမ်းရှိုက်လို့မဝနိုင်တဲ့ ပါးပြင်လေးတွေ...။

"ကိုကိုနော်"

" ခေါင်းမလျှော်ထားဘူးလား...ဟင်?"

ပခုံးသားနှင့်လည်တိုင်လေးတစ်လျှောက်ကို မထိ
တထိ အနမ်းပေးနေရာမှ ရုတ်တရက်မေးလိုက်
သည့် Jungkookရဲ့ စကားသံကြောင့် Jimin
တစ်ယောက် နဖူးပေါ်ဝဲကျနေသည့် ဆံပင်ငုတ်စိ
လေးရဲ့အနံ့ကို ရှူကြည့်မိသည်။ ဆံပင်က နှာသီးထိပ်ဖျားထိ မရောက်တာမို့ ခေါင်းကိုပွတ်လိုက်
လက်ကိုအနံ့ခံကြည့်လိုက်နှင့် အလုပ်ရှုပ်နေကာ

"နေ့တိုင်းလျှော်ပါတယ်နော်... ကိုကို နမ်းချင်
နမ်းလို့ရအောင်"

"အေးလေ.. ဘာပြောလို့လဲ ...ဒီအတိုင်းမေး
ကြည့်တာကို"

"မသိဘူးလေ ...ထားပါ...စက်ဘီးသွားစီး
ရအောင်"

"စာမေးပွဲပြီးမှ သွားရအောင်လေ၊ အခုက မိုးချုပ်
တော့မယ်"

"ကိုကိုကလဲ...အခုသွားချင်လို့ပါဆို...အစော
ကြီးရှိသေးတယ်"

"အဲ့ဒါဆိုလဲ မနက်ဖြန်မှ သွားမယ်၊ ဒီနေ့က အေး
လဲအေးတယ်"

"အခုသွားချင်လို့ပါဆိုနေ...ကလေးလေးကို
လိုက်မပို့ချင်ဘူးလား"

Jungkookဘက်ကိုလှည့်ကာ Jungkookရဲ့ပါး နှစ်ဖက်ကို အုပ်ကိုင်ရင်းချွဲနွဲ့ကာဆိုလာသည်။
Jiminကိုကြည့်ရတာ ဒီရက်ပိုင်းမှာ ပိုပိုပြီးချစ်ဖို့ကောင်းလာတယ်။ပုံမှန်ထက်ပိုပြီး သူ့အနားမှာ
ကပ်တွယ်နေတတ်ကာ Jungkookဘက်ကဖြည့် ဆည်းပေးနိုင်လောက်တဲ့ အသေးအမွှားကိစ္စ
လေးတွေကိုလဲ ပူဆာတတ်လာတယ်။

နေ့တိုင်းတွေ့နေရတာပဲဆိုတဲ့ အကြောင်းပြချက်
နဲ့ Jiminအတွက် သီးသန့်အချိန်မပေးဖြစ်တာက
များသည်မို့ ဒီညနေတော့ ဂျီကောင်လေးရဲ့ အလို
ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ တွေးလိုက်သည်။ဒါ
ပေမဲ့လဲ ဒီလောက်လေးနဲ့တော့ သူမရောင့်ရဲနိုင်
သေးဘူး...။

Unconditional LoveWhere stories live. Discover now