XZIM 11 (Zawgyi)

3.6K 306 0
                                    


အိမ်မှာ ရိပေါ် တစ်ယောက်တည်း။ စားလိုက် အိပ်လိုက်၊ ခုတော့ ပျင်းလာလို့ ရိပေါ် တစ်ယောက် ဧည့်ခန်းမှာ Lego အရုပ်တွေ ထိုင်ဆက်နေသည်။ တစ်ခါ TV ထ ဖွင့်ပြန်လို့ channel တွေ ဟိုဟိုဒီဒီ ပြောင်းနေပြန်သည်။ ဘာကိုမှကြည့်ချင်နေသည်လည်း မဟုတ်။ သက်သက်မဲ့ လျှောက်ကလိနေခြင်းသာ။ လူငယ်စွမ်းဆောင်ရှင်များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှောင်းကျန့်ပုံကို မြင်လိုက်တာကြောင့် ထို အစီအစဉ်မှာပဲ ထား ထား လိုက်သည်။

ဒီနေ့ ရှောင်းလုပ်ငန်းစုကနေ တရုတ်နိုင်ငံရဲ့ အကြီးဆုံး shopping centre ကြီး ၅ ခု ကို မတူညီတဲ့ ၅ နေရာကနေ တစ်ပြိုင်တည်း ဖွင့်မှာကို ရိပေါ် သိထားပြီးသားပင်။ ထို ၅ နေရာထဲက တစ်နေရာမှာ ရှောင်းကျန့်ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးတာကို တိုက်ရိုက်ထုတ်လွှင့်ပြီး အင်တာဗျူးနေခြင်း ဖြစ်သည်။ ရိပေါ်ကို ရွေးခိုင်းလို့ မနက်က ကိုယ်တိုင် ရွေးထုတ်ဆင်ပေးလိုက်တဲ့ ဆင်စွယ်ရောင် အနောက်တိုင်း ဝတ်စုံဖြင့် ရှောင်းကျန့်က ခန့်ငြားလွန်းသည် ဆိုတာထက်ပိုပါသည်။ ဆံပင်တွေကို ဂျယ်နဲ့ အနောက်ကို လှန်တင်ထားပြီး တည်လွန်းနေတာလည်း မဟုတ်တဲ့ မရယ်မပြုံးမျက်နှာဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသည်က သေချာပါသည် . နောက်နေ့ သတင်းစာ၊ ဂျာနယ်များရဲ့ ထိပ်စည်း ခေါင်းကြီးပိုင်းများတွင် နေရာယူနေပေလိမ့်မည်။ ရိပေါ်လို ဖြူဥမနေသော်လည်း ဝါညိုပြေး အသားအရေဖြင့် ရှောင်းကျန့်က ယောက်ကျားဆန်ပြီး ဆွဲဆောင်မှုရှိတာတော့ အမှန်ပင်။

ဘွဲ့ရပြီးသွားတဲ့အချိန်မှာပဲ ရှောင်းကျန့်က ရှောင်းလုပ်ငန်းစုကို တရားဝင်ဆက်ခံခဲ့သည်။ ငယ်ရွယ်ပြီး ထက်မြတ်သော၊ ဆုံးဖြတ်ရဲ လုပ်ရဲ ကိုင်ရဲသော ရှောင်းကျန့်လက်ထက်မှာ လုပ်ငန်းအသစ်တွေ ထပ်မံချဲ့ထွင်လာသလို မကြာသေးခင်ကပင် တရုတ်နိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားများစာရင်းမှာလည်း နာမည်ကြီး မင်းသားများ idol များကို ကျော်ပြီး ရှောင်းကျန့်က နံပါတ် ၁ နေရာ ရထားသေးသည်။

"ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်နေတဲ့ ရှောင်းလူကြီးမင်းအနေနဲ့ လူငယ်တွေအတွက် စကားလက်ဆောင်လေးပါးပေးပါဦးရှင့်"

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now