"ထ ဆို ထ လိုက်ပေါ့။ စောင်တွေသယ်ခဲ့။ dream bed က ဟိုမှာရှိတယ်။ သွားရအောင်"

အူကြောင်ကြောင်နဲ့ ရိပေါ် ပြောတဲ့အတိုင်း စောင်တွေ မ ပြီး လိုက်လာသည်။

ခေါင်မိုးထပ်ရောက်တော့ ၂ ယောက်အိပ် dream bed ပေါ်  ရိပေါ်က တက်လှဲပြီး စောင်တွေဆွဲယူပက်လိုက်သည်။ ခုထိ အိပ်မက်ယောင်နေသူလိုဖြစ်နေတဲ့ ရှောင်းကျန့်ကို

"လာ ငါ့ ဘေး လာထိုင်"

ရှောင်းကျန့်က စိတ်ညှို့ခံထားရသူလို  ရိပေါ်အနား ဝင်ထိုင်လိုက်သည်။  ရိပေါ် ရှောင်းကျန့်ကိုပါ စောင် အတူ ခြုံပေးရင်း... ရင်ခွင်ထဲတိုးဝင်လိုက်သည်။

"ငါ့ကိုဖက်ထား"

"ဟင်"

"နေထွက်တာကြည့်ကြမယ်လေ။ ငါ့ကိုဖက်ထားပါဆို။ တင်းတင်းလေးဖက်။"

"အချစ်.."

ရှောင်းကျန့် အတုံးက အခုထိ ကြောင် ကောင်းတုန်း။ ရိပေါ်က ရှောင်းကျန့်လက်တွေကို သူ့ ခါးဆီ သိုင်းဖက်စေလိုက်သည်။

"ငါ့ယောက်ကျားက  အိပ်ချင်မူးတူးနဲ့ အ ပါ သွားပြီလား"

ပါးစပ်အဟောင်းသားနဲ့ မျက်လုံးတွေပါ ဝိုင်းစက် ပြူးကျယ်သွားတဲ့ ရှောင်းကျန့်ပုံက ချစ်စရာကြီး။ ငါပိုင်တဲ့ ငါ့ယောက်ကျားမို့နေမှာ ဟီဟိ.. ရိပေါ်အတွေးထဲ ကြိတ်ခွီနေလိုက်သည်။

"အချစ် ... ကိုယ်. ... .. ဒါ ... တကယ့် အဖြစ်လား"

ရိပေါ် ရှောင်းကျန့်ရင်ဘက်ကို ဒီတစ်ခါ သွေးစို့တဲ့အထိ ကိုက်ပစ်လိုက်တော့သည်။

"အားးး   အ့  အချစ်..."

"တကယ့်အဖြစ်မှန်း သိပြီလား"

ရိပေါ် နာသွားမယ့်ရင်ဘက်ကို အသာလေး ပွတ်ပေးရင်း

"ငါ စိတ်မရှည်ပါဘူး ဆိုမှ ငါ အကြောင်းသိရဲ့နဲ့ မင်းကလေ... ဉုံဖွ .. ဖွ... ဖွ.. နာသေးလား"

ရိပေါ် ကိုက်လိုက်မိတဲ့ ရင်ဘက်နေရာကို နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွထိလိုက်တော့

"အချစ်..."

ခေါ်ပြန်ပြီ။  ရှောင်းကျန့်က မျက်ရည်တွေဝဲ လို့  နှုတ်ခမ်းပါးတွေ တုန်ယင်နေပုံက အရမ်းစိတ်လှုပ်ရှားနေမှန်း သိသာလွန်းသည်။

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now