အပိုင်း - ၂၇ (Zawgyi + Unicode)

Start from the beginning
                                    

အဲ့ဒီနောက်ပိုင်း ငါက မင်းတို့အိမ်ကို ရောက်သွားတော့ နိုင်နိုင်နဲ့လည်း တော်တော်နဲ့ အဆက်အသွယ်မရှိတော့ဘူး ၊ ငါ အထက်တန်းကျောင်းသားဖြစ်တော့မှ နိုင်နိုင် ငါ့ဆီလိုက်လာလို့ ပထမဆုံးပြန်တွေ့ခဲ့ရတယ်.....

အဲ့ဒီအချိန်မှာ နိုင်နိုင်က ငါသိခဲ့တဲ့ ပြုံးပြုံးရွှင်ရွှင် သွက်သွက်လက်လက်နဲ့ နိုင်နိုင်မဟုတ်တော့ဘဲ ခံစားချက်မရှိတဲ့ မျက်နှာ , အသက်မဝင်တဲ့ မျက်လုံးတွေနဲ့ အေးစက်စက် လူတစ်ယောက် ဖြစ်နေခဲ့ပြီ "

ချမ်းမှာ နားထောင်ရင်း ရင်ထဲတောင်ဆို့နင့်လာသလိုပင် ။

" အခု ကိုခွန်စိုင်းနောင်နဲ့ကျ ဘယ်လိုလုပ်ပြီး ဆုံစည်းဖြစ်သွားတာလဲဟင် "

" နိုင်နိုင်မောင်းလာတဲ့ကားနဲ့ ကိုနောင်ရဲ့ စပျစ်သီးတွေတင်လာတဲ့ကား တိုက်မိကြရင်း စတွေ့ခဲ့ကြတာ တဲ့ ၊ ကိုနောင်ကလည်း သူ့ရဲ့ပျက်စီးသွားတဲ့စပျစ်သီးတွေအတွက်အလျော်တောင်း စကားများကြရင်း နိုင်နိုင့်ကို စိတ်ဝင်စားသွားရာကနေ ချဉ်းကပ်ဖို့ကြိုးစားခဲ့တယ်ပေါ့ "

" အော ဇာတ်လမ်းက ရုပ်ရှင်လိုပဲနော် ဦးသာ ဟီဟီ... "

ပြုံးစေ့စေ့နဲ့ ချမ်းပြောတော့ ဦးသာက ရယ်သည် ။ အရယ်အပြုံးနည်းတဲ့သူတွေဆိုတာ တစ်ခါတစ်လေလေးများ ရှားရှားပါးပါး ပြုံးလိုက်လျှင် ဘယ်လိုတွေတောင်ကြည့်ကောင်းမှန်းမသိချေ ။

" အဲ့ဒါနဲ့ နှစ်ယောက်သား အဆင်ပြေသွားကြရောလား "

" ဘယ်ပြေမလဲကွာ ၊ နိုင်နိုင်က ငယ်တုန်းမှာ သူ့ချစ်သူအသတ်ခံခဲ့ရတာကို စိတ်ထဲစွဲပြီး အဲ့ဒီအပေါ်မှာ စိတ်ဒဏ်ရာလိုဖြစ်နေတော့ လူတစ်ယောက်ကို သူ ထပ်ပြီးချစ်လိုက်ရင်လည်း အဲ့ဒီလူက အသတ်ခံရဦးမှာပဲဆိုတဲ့အထင်နဲ့ ဘယ်သူ့ကိုမှ ထပ်မချစ်ဘဲနေလာတဲ့သူလေ.....

အဲ့တော့ ကိုနောင့်ကိုလည်း ခါးခါးသီးသီးတွေတုန့်ပြန်တာပေါ့ ၊ ကိုနောင်ကလည်း ဇွဲကောင်းကောင်းနဲ့ကြိုးစားတော့ နိုင်နိုင့်ဘက်က ကိုနောင့်ကို သံယောဇဉ်တွယ်လာခဲ့တယ်.....

ဒါကိုလည်း ကိုနောင်က ရိပ်မိတယ် ၊ ဒါပေမယ့် နိုင်နိုင်က ငြင်းမြဲငြင်းနေတုန်းပဲ ၊ နောက်ဆုံး ကိုနောင်က နိုင်နိုင်ရဲ့လူယုံ ကိုအိုက်ကို ဇွတ်အတင်းကပ်ပေါင်းပြီးမေးတော့မှ အတိတ်ကကိစ္စတွေကို သိသွားတာ.....

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now