ချစ်သည်ထက်ပို၍ချစ်သည် 6

Start from the beginning
                                    

"အရေးကြီးကိစ္စတိုင်ပင်စရာရှိလို့ပါ လူစုံရင်ပြောပြပေးပါမယ် ခဏစောင့်ကြအုံး"

ထိုနောက်အထိန်းတော်ကြီးရဲ့ အသံ

"အိမ်ရှေ့စံမင်းသားလေးရောက်ရှိကြောင်းပါ မင်းကြီး"

တံခါးဖွင့်သံနှင့်အတူဝင်လာတဲ့ ကျွန်တော့်ရဲ့တစ်ဦးတည်းသော Yeol အရင်လိုအချိန်နေတွေမဟုတ်တာကြောင့် ထပြီးနှုတ်ဆင်ရသေးသည်

"အရင်ကကိစ္စတွေကို စစ်သူကြီးလည်းနားလည်မှာပါ တွေထားခဲ့တဲ့ကတိသစ္စာကိုလည်းစောင့်တည်ချင်တာကြောင့် သားနှစ်ယောက်ကိုပေးစားဖို့ဖြစ်လာတယ်ဆိုတာနားလည်မှာပါ"
စကားဝိုင်းထဲမပါတာက သူနဲ့ Baekhyunနဲ့သာ ဘာတွေပြောနေမှန်းလည်းနားမလည်နိုင် လက်ထပ်ထိမ်းမြားပေမယ် Baekhyun နဲ့ကျွန်တော်နဲ့ကို မဖြစ်နိုင်တာယောက်ျားလေး နှစ်ယောက်ကို မဖြစ်သင့်တာတွေမဖြစ်ရအောင် Chanyeol၀င်တားမိသည်

"သေချာစဉ်းစားပေးပါမင်းကြီး သားတော်လည်း လက်မခံနိုင်သလို Byunသခင်လေး လက်မခံနိုင်လောက်ပါဘူး သဘာဝလွန်မှုကိုမည်သူလက်ခံကြမှာမဟုတ်ဘူး ခမည်းတော် သေချာစဉ်းစားပေးပါအုံး"

"Byunသခင်လေးလည်း လက်မခံနိုင်ဘူးဆိုတဲ့အကြောင်းပြောကြားလိုက်ပါ ရှင်းရှင်းလင်းဖြစ်‌အောင်လို့ပါ"

Baekhyunကိုစစ်ကူလှမ်းတောင်ပေမယ့် ဘာမှမပြောဘဲ သူကိုသာငေးကြည့်နေသည်ကြောင့် Chanyeolသံသယ၀င်မိသည်
'မဟုတ်မှ မဖြစ်နိုင်တာ မဖြစ်နိုင်တာတွေမတွေးစမ်းနဲ့ Chanyeol
Baekhyunကအဲ့လိုလူမျိးမဟုတ်ဘူး' စိတ်ထဲကနေသာပြောမိသည်အပြင်မှာတော့ထုတ်မပြောမိ

"Byunသခင်လေးနှစ်ယောက်သားစကားပြောဖို့အချိန်ခဏလောက်ပေးပါ မင်းကြီး"

ပြန်လည်ပြောဆိုမည့်စကားကိုနားမထောင်ပဲ အရှေ့မှအရင်ထွက်ခဲ့လိုက်သည်

"လိုက်သွားလိုက်ပါ "

မင်းကြီးမှပြောဆိုလာသည်ကြောင့် နန်းဆောင်ထဲကနေထွက်ရှိလာခဲ့သည်

"Baekhyun မင်းလည်းသဘောမတူဘူးမို့လား ငါလည်းသဘောမတူဘူး ငါမှာလေ ချစ်ရတဲ့ကောင်မလေးရှိတယ် ငါသူကိုပဲချစ်တယ် သူနဲ့ပဲလက်ထပ်ချင်တယ် Baek မင်းကကူညီပါကွာ မင်းငါ့ကိုမချစ်ဘူးဆိုတာငါသိတယ် မင်းငါ့အပေါ်မှာသူငယ်ချင်းညီအကိုသံယောစဉ်ထက်မပိုဘူးဆိုတာလည်းငါသိ...."

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now