အထိန်းတော်ကြီးမှ ရေနဲ့အဝတ်အားလက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပြီး

"အဲ့ဒါဆို ကျွန်တော်မျိူး မနက်စာစားပြီးရင် ဇီးသီးလက်ဖက်ရည်စီစဥ်လိုက်ပါ့မယ်။"

မျက်နှာအားကိုယ်တိုင်သန့်စင်ကာ အဝတ်ကို အပျိုတော်တစ်ဦးထံသို့ ပြန်ပေးလိုက်သည်။

"ကောင်းပြီလေ။
လုပ်စရာရှိတာ လုပ်ကြ။"

တည်ငြိမ်အေးဆေးကာပြတ်သားသော အသံတို့ဖြင့် အမိန့်ပေးကာ တိကျစွာလုပ်ကိုင်တက်သော ဘုရင်မင်းမြတ်ကို အခုချိန်ထိတော်လှန်ရဲတဲ့သူမရှိသေးပါ။
သက်တော် ၁၅နှစ်အရွယ်တည်းက နန်းတက်တာမို့ အရာရာကို ကြိုတွေးတက်ကာ ရုံးတော်ကိုကောင်းကောင်းချူပ်ကိုင်နိုင်သူတစ်ယောက်ဖြစ်သည်။

"မနက်စာသုံးဆောင်ရန်အဆင့်သင့်ဖြစ်ပါပြီ မင်းကြီး။"

"ကောင်းပြီ။"

နက်မှောင်သော ပတုန်းရောင်ကေသာတို့အား သေရပ်စွာ ထုံးထားကာ ရွေရောင်ဆံထိုးအားလှပစွာ ပန်ဆင်ထားသည်။
အွန်ဂျင်းမြို့တော်ကအကောင်းဆုံး ဆံစွယ်ရောင်ပိုးသားတွင် ငွေမှင်ရောင် ပန်းကနုတ်အနားသပ်တို့ဖြင့်ချူပ်လုပ်ထားသောဝတ်ရုံနှင့်သားမွှေးတို့ဖြင့်ပြုလုပ်ထားသည့် အပေါ်ရုံလွှာကိုဝတ်ဆင်ထားသော ဘုရင်ယွန်ရှင်း အား ရွေရောင်ခါးစည်းကပို၍တင့်တယ်စေသည်။

မနက်စာသုံးဆောင်ရန်အိပ်ခန်းဆောင်မှ ထွက်လာကာ နန်းဆောင်သို့ကြွချီလာလေသည်။

မနက်စာသုံးဆောင်ပြီးနောက်~~

"မင်းကြီးအတွက် ဇီးသီးလက်ဖက်ရည်ပါ။"

အထိန်းတော်ကြီး ကမ်းပေးသော ခပ်သေးသေးလက်ဖက်ရည်ခွက်ထဲမှ အရည်အချို့အား တကျိုက်ထဲမော့ချလိုက်ပြီး...

"ညီလာခံတက်မယ်။"

"ကောင်းပါပြီ မင်းကြီး။"

ဘယ်အရာမဆို ခပ်မြန်မြန်လုပ်တက်သောမင်းကြီး၏အကျင့်အား နန်းဆောင်ကြီးမှ အထိန်းတော်တိုင်းသိကြလေသည်။

                *******************

ညီလာခံခန်းမတွင်~~

"ဒီနှစ်အတွက် အခွန်ကိစ္စကိုဘယ်လိုလုပ်ကြမလဲ အမတ် မင်။"

Fall in love with hateWhere stories live. Discover now