Part 4

201 12 29
                                    

"ဒါတွေဖြေရှင်းပြီးရင် မိဖုရားတင်မြှောက်ဖို့ စဥ်းစားပါဦးလား အရှင်။"

"ကိုယ်တော်စိတ်မဝင်စားသေးဘူး။"

"မနက်ဖြန်အတွက် အသင့်ပြင်ထားပါ။"

"စစ်သေနာပတိတွေကိုလည်း ဗျူဟာတွေ ကြိုခင်ထားဖို့ အမှာစာပါးလိုက်ပါဦး။"

"အမိန့်တော်အတိုင်းပါ အရှင်။"

ဂင်ဆမ် ဟာ မင်းကြီးအား အရိုအသေပေးပြီးနောက် ယပ်တောင်ကို ဖြန့်၍ အိပ်ခန်းဆောင်မှ ညှင်သာစွာလှမ်းပြီး ထွက်ခွာသွားတော့သည်။ မင်းကြီး ယွန်ရှင်း ရဲ့ စိတ်ဓာတ်ပြတ်သားမှုကိုတော့ ဘယ်လိုမှ ခန့်မှန်းလို့မရခဲ့ချေ။

"မင်းသမီး ချယ်ယောင်း ကိုသွားကြည့်ဦးမှပဲ။"

သွေးအလိန်းလိန်းနှင့် ပြန်ရောက်သည်ဟူသော သတင်းစကား ကြားကတည်းက ရင်ထဲမကောင်းခဲ့ချေ။ မျက်စိရှေ့တင်ကြီးပြင်းလာခဲ့သော ကလေးမလေးဖြစ်တာကြောင့် ယခုလို အခြေအနေမျိုးကို ရင်ဆိုင်နိုင်ပါ့မလား တွေးပူနေမိခဲ့သည်။

မင်းသမီး ချယ်ယောင်း ၏နန်းဆောင်ရှေ့ကိုရောက်သည့်အခါ နန်းဆောင်ထဲဝင်ဖို့ ခြေလှမ်းတွေက လေးလံစွာဖြင့်။
ဤနန်းဆောင်လေး မစိုပြေခဲ့တာ ၆နှစ်ကျော်ခန့်ကြာခဲ့သည်။

"အကြောင်းကြားလိုက်ရမလား အမတ်ချုပ်ရှင့်။"

"အင်း..။"

"အမတ်ချုပ် ဂင်ဆမ် ရောက်ရှိနေကြောင်းပါ။"

"အထဲကိုလွှတ်လိုက်။"

အထဲကပြန်ဖြေသော အသံမှာ ပုံမှန်မဟုတ်။
ဝမ်းနည်းသံတဝက်၊ရှိုက်သံတဝက် ရောနှောနေသည်။ ထို့အပြင် ဒီအသံမှာ ချယ်ယောင်း ၏ အသံမဟုတ်မှန်းကောင်းကောင်းသိသည်။

"ဘာဖြစ်နေတာလဲ။"

အပြာနှင့်အဖြူ ရောနှောထားသည့် နန်းတွင်းသူ ဝတ်စုံအား ဝတ်ဆင်ထားသော မိန်းကလေးကိုကြည့်ကာ ဂင်ဆမ် မျက်ခုံးတို့တွန့်ကွေးသွားသည်။ တသိမ့်သိမ့်တုန်နေသောကျောပြင်ကိုသာ မြင်ရသောကြောင့် ဘယ်သူမှန်းမသဲကွဲ။

"ကျွန်မပါ အမတ်ချုပ်ရဲ့။"

"ဟင်။"

ချယ်ယောင်း ၏ အိပ်ယာဘေးတွင် ငိုယိုကာ ထိုင်စောင့်နေသူအား အခုမှသတိရသည်။
ဟိုးငယ်စဥ်အခါကတည်းက ချယ်ယောင်း ကိုအလုပ်အကျွေးပြုခဲ့သော ဟွန်ဂျင်း

Você leu todos os capítulos publicados.

⏰ Última atualização: Jun 24, 2021 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Fall in love with hateOnde histórias criam vida. Descubra agora