အပိုင်း(1) unicode

22.4K 979 13
                                    

တိတ်ဆိတ်ငြိမ်သက်နေသော
ကလ်လီဖိုးနီးယား ညသန်းခေါင်ယံနှင့်အတူ  အထပ်မြင့် အဆောက်အဦးတခု၏ လသာဆောင်ပြင်ဘက်တွင်
ညဝတ် ပိုးအကျီရှည် အနက်ရောင်ကို ဝတ်ဆင်ထားသော လူသည် လက်ထဲတွင် ဝိုင်နီတစ်ခွက်ကိုင်ကာ မျက်လုံးများကိုစင်းထားလျက် တိုက်ခတ်လာသော ညလေညှင်းတို့ကို ခံစားနေသည် ။
သူ၏အတွေးများဟာလည်း လွန်ခဲ့တဲ့ အတိတ်ဆီသို့ တဖန်ရောက်ရှိသွားကာ ချစ်ရသူလေးကို ပြန်တမ်းတရင်း လက်ထဲကဝိုင်ခွက်ကိုဖြေညှင်းစွာလှည့်နေသည်။

ခဏအကြာမှာတော့ သူသည်မှိတ်ထားသော မျက်လုံးအစုံကို ဖွင့်ဟလိုက်ပြီး နှုတ်ခမ်းမှလဲ ခွန်း,ဆိုသည့် အမည်နာမတစ်ခုကို တိုးညှင်းစွာ ရွတ်ဆိုလေသည်။
လွမ်းစွတ်တမ်းတမှုတွေအပြည််နှင့် မျက်ဝန်းတစ်စုံသည် ခက်ထန်မာကျောသောမျက်ဝန်း​များအဖြစ် ရုတ်ချင်းပြောင်းလဲသွားပြီး လက်ထဲရှိဝိုင်ခွက်ကို ကိုင်ထားသောလက်မှာလည်း တင်းကြပ်ို့သွားသွားသည်။ သူ၏နှုတ်မှလည်း တိုးညှင်းခက်ထန်သော စကားသံလေးတစ်ခု...

" ....မကြာခင်ပြန် တွေ့ကြတာပေါ့ ခွန်းစစ်သော် " 

ထို့နောက်မှတော့ သူသည်လက်ထဲကဝိုင်ကို အေးဆေးစွာပင် ဇိမ်ယူကာ သောက်​​သည် ။

*********************************************************

ညဝတ်လက်တစ်လုံးဂါဝန်အဖြူလေးသည်သေးသွယ်သောခန္ဓာကိုယ်အလှကို ပို၍ပေါ်လွင်စေနေပြီး အညိုရောင်ဆံပင် ခွေအရှည်လေးနှင့်လိုက်ဖက်နေသော သူမသည် ကုတင်ပေါ်က​ေနလေးပင်စွာ​ဖြင့်ဆင်းလာ၏။ ထိုနောက် သူမ၏ ခြေလှမ်းတွေဟာ
လသာဆောင်အပြင်ဘက်ရှိ လူဆီသို့ ဖြေညှင်းစွာပဲ လှမ်းခဲ့လေသည်။

" Hey... ဒါလင် မအိပ်သေးဘူးလား "
ငြုတုတုအသံနှင်​့ ပြောဆိုလာသော သူမသည် လက်တွေကိုလည်း အငြိမ်မထား ထိုလူ၏ ခါးကိုအနောက်မှ လှမ်းဖက်၏။
ထိုအထိအတွေ့ကြောင့် ရှေ့ကလူမှာတော့ လှောင်ရိပ်သမ်းနေသောအပြုံးတစ်ခုကိုသာ နှုတ်ခမ်းထက် ဆင်မြန်းရင်း

" အင်း....ကိုယ် အိပ်မပျော်လို့ "

အနောက်မှာရပ်နေသော မိန်းကလေးသည် ထိုလူ့ခါးကိုဖက်ထား​သောလျက်ှိနေသေးသော သူမ,လက်ကိုလွှတ်ချလိုက်ပြီး ဘေးတွင်ဝင်ရပ်လိုက်သည်။
" ဒို့က နိုးလာတာ ၊ ဒါလင် ဘာတွေတွေးနေတာလဲဟင်။ ဒီချိန်ထိမအိပ်သေးဘဲ "

Lilac (First Love) (Complete )Where stories live. Discover now