အခန်း(၂) ယွီဝမ်စစ်သူကြီး၏ ထိမ်းမြားမင်္ဂလာ

Start from the beginning
                                    

"လောင်ဟွမ်ပြောတာ ဟုတ်တယ်တော့!
ကျုပ်တို့တော့ စစ်သူကြီးရဲ့မျက်နှာချောချောလေးကို နောက်တစ်ခေါက်မြင်ရချည်သေးရဲ့"

အထည်ဆိုင်က အဒေါ်ကြီးရဲ့အသံကြောင့် လူအများပွဲကျသွားကြ၏။ အချို့မှာ ခေါင်းတခါခါနှင့် အတောမသတ်နိုင်အောင် ရယ်ကြလေသည်။ အချို့က "ဒီမိန်းမတော့"ဟု ရေရွတ်ရင်း ပြုံးသွားကြလေ၏။ ပန်းပဲဖိုက ဦးလေးကြီးမှာ ပုံသွင်းလက်စဓားကို တူဖြင့်ထုရင်း လှမ်းပြောသည်။

"ဟေ့ ရှောင်ကျင်း! မင်းအိပ်မက်မက်မနေနဲ့။
စစ်သူကြီးက မင်းရဲ့သားအရွယ်လောက်
ရှိတာကို"

"အိုတော်! ဘာပဲဖြစ်ဖြစ်
မျက်နှာချောချောလေးတွေမြင်ရတာ
စိတ်ချမ်းသာတယ်ရှင့်!"

ယပ်တောင်ကို တဖျတ်ဖျတ်ခပ်နေရင်း ပြောလိုက်သော အထည်ဆိုင်ပိုင်ရှင်ကြောင့် လမ်းမတစ်လျှောက် ရယ်သံများဖြင့်ဆူညံသွားပြန်သည်။

"ခင်ဗျားနှယ် ကြည့်ကြပ်လုပ်ဦး။ တော်ကြာစစ်သူကြီးနဲ့ မျက်လုံးချင်းသွားဆုံမိရင်
ဓားက လည်ကုပ်ပေါ်ကျလာဦးမယ်"

စာအုပ်ဆိုင်ပိုင်ရှင်က ပြောလိုက်သောအခါ
ထိုအမျိုးသမီးက ဟွန့်ခနဲ့ နှာမှုတ်လိုက်၏။

"ဒါတော့ ကျုပ်သိပါတယ်။
ကိုယ့်ရှေ့မရောက်ခင်လေးတော့
ကြိုကြည့်ထားရတာပေါ့ရှင့်။
ရှေ့ရောက်လာမှ ခေါင်းကိုမြေကြီးနဲ့
ထိလိုက်ရုံပဲ"

"အေးပေါ့လေ တို့စစ်သူကြီးက ငယ်ငယ်နဲ့
ဒီလောက်ထက်မြက်ပြီး ဂုဏ်သတင်းကလည်းကျော်ကြား၊ ရုပ်ရည်ကလည်း အင်မတန်ကို
ကြည့်ကောင်းတာဆိုတော့လည်း ခင်ဗျားတို့
မိန်းမတွေ သည်းသည်းလှုပ်နေတာ
မဆန်းပါဘူး။ ဒါနဲ့ တို့စစ်သူကြီးက
အသက်ဘယ်လောက် ရှိပါပြီလိမ့်"

ပန်းပဲဖိုပိုင်ရှင် လောင်ဟွမ်က ဓားသွားကိုရေစိမ်လိုက်ရင်း မေးလာ၏။ ဓားသွားမှ "ရှဲ"ဆိုသည့်အသံက ထွက်ပေါ်လာလေသည်။

"ဒီနှစ်နွေတုန်းက နှစ်ဆယ်ပြည့်သွားပြီလေ"

လောင်ဟွမ်က "သြော်"ဟု တစ်ချက်ရေရွတ်ရင်း ပန်းပဲဖိုအနောက်ဘက်သို့ ဝင်သွား၏။ စာအုပ်ဆိုင်ပိုင်ရှင် ဦးလေးယန်က ဆိုင်ရှေ့ရှိ ထိုင်ခုံလေးတွင် ဝင်ထိုင်ရင်း ပြောလာသည်။

Beloved Wangfei Xiao Yun [Completed]Where stories live. Discover now