[Unicode...]
"ယွီအာ"
လော်ယွင်ရှီး မိမိရှေ့တွင် ထိုင်လျက်အိပ်ငိုက်နေသော ကလေးငယ်ကိုကြည့်ရင်း ပြုံးမိပြန်သည်။
ယွီအာရေ မင်းအိပ်ငိုက်နေတာ သုံးခါရှိနေပြီ သိရဲ့လား။
"ဟီး ကိုကိုကလည်း"
သူမျက်မှောင်ကျုံ့ပြီး နာမည်ခေါ်လိုက်သည့်အခါ ကလေးငယ်က ရှိသမျှသွားတွေအကုန်ပေါ်သည်အထိ ပြုံးရယ်လာ၏။ ရှေ့သွားတစ်ချောင်း ကျိုးနေသည်ကိုတော့ ယွင်ရှီး မမြင်ချင်ယောင်ဆောင်လိုက်ပါသည်။
"အခေါ်အဝေါ်ကို သတိထားရမယ်လေ"
"သိပါပြီ ဆရာ"
"လိမ္မာတယ်"
ယွင်ရှီး ကလေးငယ်၏ခေါင်းကို ဖွဖွလေးပုတ်ရင်းပြောလိုက်သည်။ ယွင်ရှီး၏ အပြုအမူကို အသေးစိတ်လိုက်ကြည့်လျက် အခွင့်အရေးယူတတ်သည့် ကလေးငယ်သည် ယခုတစ်ခေါက်လည်း ချွင်းချက်မရှိပါပေ။ ချက်ချင်းပင် စားပွဲခုံ တစ်ဖက်တစ်ချက်မှ အလျင်အမြန်ထလာပြီး ယွင်ရှီးပေါင်ပေါ်သို့ လာထိုင်တော့သည်။
"ဆရာ ယွီအာ ခဏလောက်အိပ်မယ်လေ။
ခဏလေးပါပဲ။ ယွီအာအရမ်းအိပ်ချင်နေလို့ပါ။
နော် ဆရာလို့ နော်လို့ နော်"
ယွင်ရှီး သက်ပြင်းချမိပါ၏။
အင်းပေါ့လေ။
ခြောက်နှစ်အရွယ်ကလေးတစ်ယောက်က
အခြားကလေးတွေနည်းတူ ပြေးလွှားကစားဖို့
အချိန်နည်းလွန်းနေတော့လည်း..။ တော်ဝင်မျိုးနွယ်ဆိုတာ လွယ်လွယ်ဖြစ်လာတာမှမဟုတ်ဘဲကိုး။
သို့သော် ဒီတစ်ခါတော့ ယွင်ရှီး သူ့အလိုကို လိုက်ရပါလိမ့်မည်။ယနေ့ ဤကလေးက စာလုံးအသစ်နှစ်ဆယ်ကို အလွတ်ရေးပြခဲ့ပြီးပြီမဟုတ်ပါလား။
"ကောင်းပြီ အဲဒါဆို ခဏပဲနော်။
ဆရာ အပြင်ခဏသွားမယ်။
ပြီးရင် ယွီအာ့ကိုပြန်လာနှိုးမယ်နော်"
"မရဘူး! ဆရာ ယွီအာအိပ်တာကို စောင့်ပေးရမယ်"
"ယွီအာ..."
ကလေးငယ်က ယွင်ရှီး၏ ဝတ်ရုံလက်ဖျားစကို
မလွှတ်တမ်းဆွဲထားရင်း ငြင်းပါတော့သည်။
သို့သော် သူ တောင်းဆိုသည်က မဖြစ်နိုင်တဲ့
အကြောင်းအရာ။ မင်းမှုထမ်းတစ်ယောက်က
တော်ဝင်မျိုးနွယ်ရဲ့ အိပ်ဆောင်ကို
ဝင်ဖို့ဆိုတာ...
YOU ARE READING
Beloved Wangfei Xiao Yun [Completed]
Historical FictionThis work is a historical feiyunxi fanfiction. Names, places, characters and background facts are just my imagination. [WARNING] If you have allergic with Male Pregnant fictions, PLEASE DON'T READ!!! This work is not Translation!! [I give full credi...
![Beloved Wangfei Xiao Yun [Completed]](https://img.wattpad.com/cover/229365105-64-k234828.jpg)