အပိုင်း ၁၇ (Final)

Začať od začiatku
                                    

"အာ ဘာမှမဟုတ်ပါဘူး
အာ့ဆိုကိုကိုပြန်တော့မယ်နော်"

"ဟင် ခနလေးပဲတွေ့ရသေးတာကို
ဒီမှာအလွမ်းတောင်မပြေသေးဘူး"

ဆူပုတ်ပုတ်လေးပြောလာတော့ချော့ရသေးသည်။

"ကိုကိုလဲအလွမ်းမပြေသေးပါဘူးကွာ
ဒါမဲ့ကိုကိုနဲ့ကလေးရဲ့နောင်ရေးအတွက်ကိုကိုပိုက်ဆံရှာရအုံးမယ်လေကွာ"

"ဟင်း အလျောက်ကောင်းလို့အထောင်းသက်သာတယ်မှတ် သွား"

"ဟုတ်ကဲ့ပါဗျာ
မသွားခင်အာဘွားပေးခဲ့ပါရစေအုံး"

"ပေးပေး"

ကျွန်တော်ပြောလိုက်တော့ပါးလေးထိုးပေးလာတဲ့ကလေး
ကျွန်တော်လဲအူယားကာလမ်းမှာတွေဘာတွေမသိတော့ပဲလွမ်းနေတဲ့မျက်နှာလေးကိုအနမ်းမိုးတွေအနှံရွာချလိုက်သည်။

"တော်တော့ဗျာ လမ်းကြီးမှာကို
ကိုကိုကလေနဲနဲလေးမှမျက်နှာသာပေးလို့ကိုမရဘူး"

"ချစ်လို့ပါကွာ
ကိုကိုသွားပြီ
တာ့တာ"

"ဟုတ်တာ့တာ"

ကိုကိုပြန်သွားမှအိမ်ထဲဝင်လာကာအခန်းထဲဝင်ပြီးဂိမ်းပဲဆက်ဆော့နေလိုက်သည်။

ကျွန်တော်ကလေးဆီကအပြန်မရောက်တာကြာပြီဖြစ်တဲ့ကုမ္ပဏီကိုဝင်ရသည်။
ကျွန်တော့လက်မှတ်လိုတဲ့နေရာတွေမှာလိုက်ထိုးပေးပြီးအိမ်ပဲပြန်လာခဲ့သည်။
ဒီလလဲမင်းမြတ်ကိုပဲဆက်လွှဲထားရမှာပင်ဘာလို့ဆိုကျွန်တော်ကလေးနဲ့လက်ထပ်ပြီးရင်ဟန်းနီးမွန်းထွက်ဦးမှာကြောင့်ဖြစ်သည်။

ကျွန်တော်ပြန်ရောက်တော့ဖေဖေကဧည့်ခန်းထဲမှာစာအုပ်ဖတ်နေသည်။ကျွန်တော့်ကိုမြင်တော့

"သားပြန်လာပြီလား ဒီမှာလာထိုင်အုံးခန"

ကျွန်တော်ခေါင်းငြိမ့်ပြကာဖေဖေ့နားတွင်ဝင်ထိုင်လိုက်သည်။

"သားချစ်ချစ်ပိုင်မိဘတွေနဲ့ဖေဖေတွေ့ပြီးသွားပြီ"

"ဟင် ဘယ်တုန်းကတွေ့လိုက်တာလဲ"

"သားထွက်သွားတော့ပဲ မောင်မင်းမြတ်ကိုအကူညီတောင်းလိုက်တာ"

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now