ဘယ်လို လုပ်ရပါ့မလဲ…

"ကိုကြီး…ကိုကြီး…လို့"

"အမ်…အင်း…စုံပြီမဟုတ်လား…
လုလု…သွားရအောင်…"

"ငယ် မှာတာ မမေ့နဲ့နော်…"

ခေါင်းညိတ်ပြကာ ကားစက်ကို လေးလေးပင်ပင် နှိုးနေမိတော့ လုဟန်က အားပေးသလို ပုခုံးလေးပုတ်ပေးရင်း ပြုံးပြလာတာမို့ ပြန်ပြုံးပြကာ မောင်းထွက်ခဲ့တော့သည်။

မတတ်နိုင်ဘူး…
နောင်ခါလာ နောင်ခါဈေးပဲ…

"အခြေအနေက အဲ့ဒါပဲ အကိုရှောင်း… ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိလို့…"

"သူမှာတာတွေပဲ ဝယ်လာပေးလိုက်ပါ…
အင်္ကျီတွေနဲ့ ကလေးတွေအတွက် ပစ္စည်းတွေကကိုယ် ထပ်မှာထားတာ…ရခါနီးပါပြီ…"

"ဟုတ်ကဲ့ …ဒါနဲ့လေ ငယ်လေးက…lego အရုပ်တွေပါ မှာသေးတယ်…"

"အမ်…မဖြစ်ဘူး…ညီလေး…အဲ့ဒါတော့ မဖြစ်ဘူးနော်…"

"ဘာလို့လဲ…အကို…"

"ဒီလိုအချိန် အာရုံစိုက်တာများသွားရင် ရေရှည်ခေါင်းကိုက်တတ်လို့…"

ကလေးတွေ ရက် ၁၀၀ ပြည့်နှင့်နာမည်ပေးပွဲလေး လုပ်မှာမို့ လိုအပ်တာလေးတွေဝယ်ဖို့ ရိဖန် လုဟန်နှင့် သူတို့ အတူထွက်လာခဲ့ကြတာ။

လူရင်းတွေလောက်ပဲ ရှိမှာပေမယ့် စိုစိုပြေပြေလေး ဖြစ်စေချင်တာမို့ သုံးယောက်သား တိုင်ပင်စီစဉ်ခဲ့ကြခြင်းသာ။

ကလေးပစ္စည်းတွေနှင့် သူဆက်ဖို့အရုပ်ပါ တွဲမှာသော ကလေးအဖေပေါက်စလေးကို အသည်းယားလို့ မဆုံးတော့…

ကိုယ့်ကြောင့်သာ လူကြီးဖြစ်ခဲ့ရတာ…
ကလေးက ကလေးလေးပဲရှိသေးတာကိုး…

……………………………………

"ကိုကိုရေ…ညီညီလေးတွေရော သားသားနှုတ်ဆက်ချင်လို့…"

"လဲဦးမယ် သားသားရဲ့…ဖြည်းဖြည်းလာ…
ညီညီလေးတွေက ဒီမှာ…"

"ညီညီလေးတစ်က မှဲ့လေးနဲ့…ဦးဦးဒေါက်တာလိုပဲ…ညီညီလေးနှစ်က ကိုကိုနဲ့တူတယ်…"

"အဟား…ပိုင်ရှင်းကတော့ လုပ်ပြီဟေ့…
ညီညီလေး တစ်နဲ့နှစ် မဟုတ်ပါဘူး…သားသားရဲ့… မှဲ့လေးနဲ့က ရိရှောင်း…ကိုကိုနဲ့တူတာက ရိဝမ်…တဲ့…"

To Be With You_Season (1) Completed [ Z&U ]Where stories live. Discover now