သူ့တစ်ကိုယ်လုံးကို အရိုင်းဆန်ဆန် ကြည့်ပြီး   နှုတ်ခမ်းကို လျှာနဲ့ သပ်ပစ်လိုက်တဲ့ရှောင်းကျန့်အကြည့်တွေကြောင့် ရိပေါ်  ပိုလို့ အနေရခက်လာတော့သည်။  ရှောင်းကျန့်ရဲ့ နှာတံချွန်ချွန်က ရိပေါ်ရဲ့ နှာလုံးလေးကို  တတိတိ ပွတ်တိုက် လို့။  မြတ်နိုးရတဲ့ ယုန်သွားလေးတွေ နဲ့ မှဲ့လေးကို ဒီလောက် နီးနီးကြီး မြင်နေရတာ ရိပေါ်လည်း ရူးသွားတော့မယ် ထင်ပါရဲ့။ 

သူ့အောက်မှာ အရှက်သည်းနေတဲ့ ရှက်လွန်းစိန်လေး...
ရုန်းရင်းဆန်ခတ်မှာ ကျွတ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ bathrobe လေးကိုအကုန်ခွါချပစ်လိုက်တော့ လှရက်လွန်းတဲ့ ကိုယ်လုံးလေး။ ဒီလိုအချိန်မှာ အရှက်သည်းနေပုံလေးက သူ့ကို ပိုလို့ ဆွဲဆောင်နေတယ်ဆိုတာ အချစ်ကလေး မသိလေရော့သလား...

နဖူးလေးကို နမ်းရင်း ... မျက်တောင်လေးတွေ... မျက်ခွံဖောင်းဖောင်းလေးတွေဆီ ...  ပေါက်စီလုံးလေးလို ပါးလေးတွေဆီ အနမ်းတွေ ဖြန့်ကျက်ရင်း.... နားသယ်စပ်လေးတွေဆီ မေးရိုးတစ်လျှောက် အနမ်းခရီးတွေ ဆန့်တော့  ခြေဖျားလေးတွေ ကုပ်သွားတာ ... လက်ကလေးတွေက အိပ်ယာခင်းကို  ဆွဲဆုပ်လိုက်တာ သတိထားမိတော့ နမ်းရင်းက ရှောင်းကျန့် ပြုံးမိသွားတော့သည်။ သူ မထင်ထားဘူး။ သူ့ အချစ်က အဲ့လောက် sensitive ဖြစ်မယ်မှန်း... ။ လက်သီးဆုပ်လေးတွေကို  အသာဆွဲဖြည်လို့  သူ့လက်ချောင်းတွေ ကြားဝင် ပူးယှက် ဖျစ်ညှစ်ပစ်လိုက်သည်။

တဆတ်ဆတ်တုန်ယင်နေတဲ့ နှုတ်ခမ်းလေးတွေဆီ ဦးတည်မိတော့ ခေါင်းလေးစောင်းလိုက်တဲ့ အချစ်...

အဟက်.... 
ရွှေလည်တိုင်ကို ရှင်းရှင်းလေး ပစ်မှတ်ထား လို့ ရသွားတာကြောင့် ရှောင်းကျန့်  အနမ်းတွေက ဂုတ်သားဝင်းဝင်းလေးပေါ်က မှဲ့လေးတွေဆီရောက်သွားတော့သည်။ တတို့တို့ နမ်းရင်း ဆွဲစုပ်ပြီး အချစ်အမှတ်အသားတွေ ပေးနေတော့ အချစ်ခန္ဓာကိုယ်လေးက မသိမသာ လွန့်လူးလာသည်။ သူ ဘာမှတောင် မ စရသေးဘဲနဲ့။ အခုမှတော့ ရှောင်းကျန့် ရပ်လိုက်ဖို့ အစီအစဉ်မရှိပါ။

ခေါင်းကို အသာစောင်းငဲ့ရင်း သူ အကြိမ်ကြိမ်ပစ်မှားနေတဲ့ နှုတ်ခမ်းဖူးလေးတွေကို ဆွဲငုံပစ်လိုက်တော့ အချစ်ကလေးက တုန်သွားလိုက်တာများ ဆတ်ခနဲ...  ထင်တဲ့အတိုင်းပဲ နူးနူးညံ့ညံ့လေး ... ဂျယ်လီလေးလို အိတုန်တုန်လေး....
နှုတ်ခမ်းတစ်ခုလုံး ကို  ဆွဲငုံထားလိုက်ပြီးမှ အပေါ်နှုတ်ခမ်းလုံးလေးကို ခပ်ဖွဖွဖိငုံမိတော့  တန်ပြန်လို့ သူ့အောက်နှုတ်ခမ်းကို  ထိတွေ့လိုက်တဲ့ အချစ်ကလေးကြောင့် .... ဟား.... သူရူးသွားလို့ရပြီပဲ...

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now