အပိုင်း ၂၈

Start from the beginning
                                    

(ဟုတ်တယ်လေ ခုထိမပေါင်းစပ်သေးဘူး)

မင်း...ထားပါတော့ ငါအခုရှောင်ဟုန်ကိုသွားကြည့်လိုက်မယ် ကြည့်တယ်ဆိုရံာပဲကြည့်မာနော်

(အင်းး အရမ်းကောင်းတယ် အရမ်းကောင်းတယ် ကျေးဇူးပါပဲ)

.
.

ငါမယုံနိုင်ဘူး အခု ဘယ်သူ့ကြောင့် ငါသူများအိမ်ကို သူခိုးလို ပုန်းပြီးလာနေရလဲဆိုတာ

ရန်အိမ်တော်အတွင်းရှိ ရှည်လျားလှသောကြာကန်ကြီးအား ဝူရှဲ့မြင်လိုက်တော့..

အာ့ ငါ့ခေါင်းက ဘာလို့ရှုတ်တရက်ကြီးနာလာရတာလည်း

ဝူရှဲ့ ငါ့ကို ကြာသီးခူးပေး ဝူရှဲ့ လှေသွားရှာခဲ့လေ လှေစီးရအောင် ဝူရှဲ့...ကျင်းးးဝူရှဲ့.......

အ့ ဘာတွေလဲ ဒီမှတ်ဉာဏ်က ငါ့စီကလား....
ဟိုမီးလင်းနေတဲ့အဆောင်ပဲဖြစ်မယ်....

အဆင်သင့်ဖွင့်ဟထားသော ပြတင်းပေါက်ကနေ ပါးလွှာသောလိုက်ကာအဖြူရောင်လွင့်လွင့်မှတဆင့် လှမ်းမြင်နေရသော ကုတင်ပေါ်မှ အဖြူရောင်ပိုးသားကို ၀တ်ဆင်ထားသောသူမှာ လုံး၀ကို အားပျက်နေတဲ့ ယုန်ဖြူလေးပမာ..

ငါအခုသူ့ကိုအရမ်းလှတဲ့ယုန်ပေါက်လို့တွေးမိနေတာလား ငါ ကျင်းဝူရှဲ့ကော ဟုတ်သေးရဲ့လား

ဝူရှဲ့ပြတင်းပေါက်မှတစ်ဆင့်အထဲသို့ခုန်၀င်လိုက်ကာ ရှောင်ဟုန်ကုတင်အနီးသို့ဖြည်းဖြည်းခြင်းကပ်သွားလိုက်သည်...

အာာ အခုလိုကြည့်တေ့ာ သူတော်တော်လှတာပဲ
နှုတ်ခမ်းလေးတွေက ခြောက်နေပေမဲ့ ပန်းနုရောင်လေးကသမ်းနေတုန်းပဲ...ဖွီးးးးးးအခုငါ ဘာတွေတွေးမိသွားတာလည်း ကျင်းဝူရှဲ့ စိတ်ထိန်းစမ်း..

ထိုစဉ်အဖြူရောင်ယုန်ပေါက်လေးက လှုပ်ရွလာတော့ ဝူရှဲ့ပြန်ထွက်မည်အပြု

ဝူရှဲ့....

တိုးညှင်းလှပေမဲ့ ပျက်သားစွာကြားနေရသောထိုအသံက ယုန်ပေါက်လေးစီကထွက်ပေါ်လာခြင်းပင်...

မင်းးမင်းး

ဝူရှဲ့မည်သို့စကားအစချီရမည်မသိတော့

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now