" မင်းရှက်သွားတာက ချစ်ဖို့ကောင်းတယ် "
................ Temporary FRIEND .................
" ငါ့ကို ဆယ်ယွန်းကမေးတယ် ငါ့အတွက်
မင်းကအရေးကြီးလား သူကအရေးကြီးလားတဲ့ "" ငါက သူငယ်ချင်းလေ သူကမင်းရည်းစား
ဘာမှကိုမဆိုင်တာဘဲ ချန်းယောလ် "ဂယောင်ဆူးက ကော်ဖီတောင်အဖျော်မပျက်ဘူး
" ငါဘာဖြေခဲ့လဲ မသိချင်ဘူး လား "
ချန်းယောလ်က ထပ်ပြောတယ်
" အင်း မသိချင်ဘူး "
ဂယောင်ဆူးက ခပ်အေးအေးဘဲ ဖြေတယ်
" မနက်ဖြန် အားလား "
" ဘာလုပ်မလို့လဲ "
" ငါအပြင်သွားချင်လို့ မင်းလိုက်ခဲ့ပါလား "
" ငါ မအားဘူး ယွန်းဆယ်ယွန်းနဲ့သွားလေ "
" ငာသူနဲ့မသွားချင်ဘူး "
" ဒါဆိုလည်း တစ်ယောက်တည်းသွား
ငါ့လာရစ်မနေနဲ့ "" ကော်ဖီတွေ အရမ်းမသောက်နဲ့ဆို
မင်းရင်တွေတုန်နေမယ် "" ငါ့ကော်ဖီခွက်ပြန်ပေး ချန်းယောလ် "
" မနက်ဖြန် ငါနဲ့လိုက်ခဲ့မယ်မလား "
ကော်ဖီခွက်ကို ဂယောင်ဆူးအရှေ့ပြန်ချပေးပြီး
ချန်းယောလ်က အနားနားကပ်မေးတယ်" မင်းက စိတ်ရှုပ်ဖို့ကောင်းတယ် "
ကော်ဖီခွက်ကိုင်ရင်း ဂယောင်ဆူးကပြောတယ်
" မင်းလည်းငါ့အတွက် စိတ်ရှုပ်စရာလေးဘဲ "
ဂယောင်ဆူးရဲ့ ကတုံးဆံပင်ပေါက်ကို
ပွတ်ရင်း ချန်းယောလ်က ပြန်ပြောတယ်" ငါ့ခေါင်းကို လာပွတ်ပြန်ပြီ "
" အင်း စိတ်ရှုပ်လို့ ပွတ်ကြည့်တာ "
" ချီးပဲ ပတ်ချန်းယောလ် "
................ Temporary FRIEND .................
" ငာတို့ နှစ်ယောက်စလုံးဘွဲ့ရပြီးပြီဆိုတော့
မင်းငာ့ကိုဘီယာဝယ်တိုက် ဂယောင်ဆူး "" အမြဲတမ်း ပေါ့ပျက်ပျက်လုပ်မနေနဲ့
မင်းဘဲ သီချင်းတွေဆက်ရေးပြီးဆိုမယ်ဆို
ဒီအတိုင်းနေ နေလို့မရဘူးနော် "
YOU ARE READING
Only CHANDI World
Fanfictionအဆုံးမရှိသော .... အစချစ်ခြင်းများစွာဖြင့် ချစ်မြတ်နိုးသည်..... အဆုံးမရှိသော .... အစချစ်ခြင်းများစွာဖြင့် ချစ်မြတ်နိူးသည်.....
Temporary FRIEND !! ( Z+U )
Start from the beginning