#Zawgyi
" ငါတို့က ဘာလဲ "
ဘီယာသောက်နေရင်းက ထမေးတဲ့ ချန်းယောလ်ကြောင့် ဂယောင်ဆူး ကြောင်သွားတယ်
" ဘာကိုဘာလဲရမှာတုန်း ငါနဲ့မင်းက သူငယ်ချင်းတွေလေ "
" ချီးပဲ "
ချန်းယောလ်မျက်နှာ ရှုံ့တွပြီး ထဆဲတယ်
" အရိုင်းစိုင်းကောင် ငါ့ဘာကိစ္စထဆဲတာလဲ
သေချင်လို့လား "ဂယောင်ဆူးပြောနေတုန်း ချန်းယောလ်က
စားပွဲခုံပေါ်ခေါင်းမှောက်သွားတယ်" တကယ်ဘဲ.... မင်းက.... စိတ်ရှုပ်စေတယ် "
ခပ်တိုးတိုးဆိုသည့် စကားပေမယ့်လည်း
ဂယောင်ဆူးအကုန်ကြားလိုက်ရတယ်ရီဝေဝေဖြစ်နေတဲ့ကြားကပြုံးမိသွားတာပေါ့
" အင်း မင်းကငါ့အတွက်လည်း စိတ်ရှုပ်စရာပဲ
ဒာကိုရော မင်းသိလား ချန်းယောလ် "................ Temporary FRIEND .................
" ဟေ့ကောင် ချန်းယောလ် ထတော့ !! "
" ခနလေးကွာ ငါးမိနစ်ဘဲ ဂယောင်းဆူးရား "
ဂွမ်းစောင်ပုံကြားထဲ လုံးထွေးနေသော
လောရှည်ကောင်ကို ဂယောင်ဆူးစိတ်မရှည်ပါ" ဒီနေ့ စာမေးပွဲ ဖြေရမှာနော် ငါအကုန်ပြင်ပြီးနေပြီ မင်းအခုမထရင် နောက်ဆုံးနှစ်ကျခဲ့မှာဘဲ "
ဝုန်းခနဲ မြည်သံနဲ့အတူ စောင်ကိုပတ်လျက်
ချန်းယောလ်ကုန်းထ လာတယ်" မင်းက ဘာကိစ္စ စောင်ပတ်ထားတာတုန်း "
" ငါဘာမှမဝတ်ထာဘူး ဂယောင်ဆူး
မင်းရှိနေဦးမှာလား ငါတော့ချွတ်ပြီ "တကယ်ကို သူ့ကိုယ်ပေါ်က
စောင်ဖယ်နေပာတဲ့ ချန်းယောလ်.." ငါအခုထွက်မယ် ပရမ်းပတာကောင် "
တံခားကို ဒုန်းခနဲ အသံမြည်အောင်ပိတ်ချပြီး
ဂယောင်ဆူး အခန်းအပြင်ထွက်သွားတယ်ဖြူ ဖြူ စင်စင် ကလေးရုပ်ကလေးနဲ့ သူ့ကိုကြည့်
ပြီး ပြောတဲ့စကားက ဒီကောင်ကတော့....ဂယောင်ဆူးစိတ်ထဲကနေ ကျိန်ဆဲနေလိုက်တယ်
ဂယောင်ဆူး နားရွက်ဖျားတွေ ရဲတွတ်သွားတာမြင်လိုက်တဲ့ ချန်းယောလ်က အပြုံးကြီးတစ်ခုနဲ့ ရေချိုးခန်းထဲဝင်သွားတယ်
VOCÊ ESTÁ LENDO
Only CHANDI World
Fanficအဆုံးမရှိသော .... အစချစ်ခြင်းများစွာဖြင့် ချစ်မြတ်နိုးသည်..... အဆုံးမရှိသော .... အစချစ်ခြင်းများစွာဖြင့် ချစ်မြတ်နိူးသည်.....