( Part - 15 )Ending

Start from the beginning
                                    

"ကိုယ့်​ကိုကိုယ်​အပြစ်​မတင်​ပါနဲ့ သမီးရယ်​ဒီကိစ္စ​တွေက တမင်​ရည်​ရွယ်​လို့ဖြစ်​လာရတာမှ မဟုတ်​တာပဲ ...
ဖြစ်​ချိန်​တန်​လို့ဖြစ်​သွားရတာပါ ...
ငါ့​ကြောင့်​ဆိုတဲ့စိတ်​နဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရင် သမီးပဲ စိတ်ဆင်းရဲနေရမှာပေါ့ ... "

ဒီမိန်းခ​လေးသည်​ သားဖြစ်သူ နေ့သစ်ဆေးရုံတက်တဲ့ အချိန်မှစပြီး ဒေါ်ခင်နှင်းသစ်တို့မိသားစုနဲ့ သိကျွမ်းကြတာဖြစ်​ပေမယ့်​ သူမလေးကို ဒေါ်ခင်နှင်းသစ်ရော သူမရဲ့ခင်​ပွန်​းကပါ သ​ဘောကျကြသည်​။
ငါ့သားချစ်​တဲ့ မိန်းခ​လေးပါလား ဆိုတာထက် ကိုယ့်ရဲ့သမီးလေးလို သ​ဘောထားမိတာကပို၏။

"သမီးအခုလို သားဆီကို​နေ့တိုင်းလာပြီး ပြုစု​ပေး ဂရုစိုက်​ပေး​နေတာ​တွေက သားအတွက်​အ​ထောက်​အကူဖြစ်​သလို သူသတိပြန်​ရလာရင်​လည်း အရမ်းပျော်နေမှာပါပါ ...
သမီးသူ့ကို ဘယ်​လောက်​ချစ်​လဲဆိုတာ​တွေကို​ပေါ့ ... "

​ဆောင်းည ခပ်​ယဲ့ယဲ့​လေးပြုံးလိုက်​မိ၏။
သူမ,ဂရုစိုက်​ပေးေ​နတာ​တွေကို နေ့သစ်တစ်ယောက် သိသည်ဖြစ်စေ မသိသည်​ဖြစ်​စေ။
သူသတိပြန်​ရလာဖို့ကိုသာ အခုချိန်​မှာ သူမအလိုရှိဆုံးပါ။

"ဒီမှာ ဆောင်းညရှိနေပြီဆိုတော့ အန်​တီ အိမ်​မှာ ခဏပြန်နားလိုက်ပါလားဟင်... "

"အင်း ... ဒါဆို အန်​တီအိမ်​ခဏပြန်​လိုက်​ဦးမယ်​... "

"ဟုတ်​ကဲ့ အန်​တီ ... ပြန်​ပြီး နားနားနေနေ အနားယူလိုက်​နော်​ ညနေကျမှပဲ ပြန်လာခဲ့ပေါ့ ... "

​"​အေးပါကွယ်​ အေးပါ...
သားရဲ့အ​ခြေအ​နေတစ်​ခုခု အ​ကြောင်းထူးရင် အန်တီတို့ဆီ ဖုန်းဆက်ဦးနော် သမီး ... "

"ဟုတ်​ကဲ့ ... "

ဆရာဝန်​တွေက နေ့သစ် မေ့မျောနေရာကနေ အချိန်​မ​ရွေး သတိပြန်ရလာနိုင်သည်ဟုပြောထားတာမို့ နေ့ညမပြတ် နေ့သစ်အနားမှာ တစ်​ယောက်​ယောက်​စောင့်​ကြည့်​ပေး​နေရတာဖြစ်​သည်​။
​ဒေါ်ခင်​နှင်းသစ်​ ပြန်သွားတော့ ဆောင်းည နေ့သစ် ခုတင်ဘေးမှာ သွားထိုင်​နေမိသည်​။
သူ့လက်​ဖဝါး​တွေကို ဆုပ်​ကိုင်​ထားပြီး စကား​တွေ​ပြောမိ၏။
ဒါက သူမ​နေ့စဉ်​နေ့တိုင်း ပြုလုပ်​နေတတ်​သည့်​ကိစ္စတစ်​ခုပါ။
ရက်ပေါင်းများစွာ သတိမေ့မျောနေသူတွေကို အနားမှာ စကားပြောပေးနေရင် သူတို့ကိုလှုပ်နှိုးသလိုဖြစ်တတ်သည်ဟု သူမကြားဖူး၏။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now