"​ဆောင်းည ... "

​နေ့သစ်က​သူမရဲ့နား​ရွက်​ဖျား​လေးနားက​နေ တိုးတိုး​ကပ်​ခေါ်လိုက်​တာ​ကြောင့်​ဆောင်းညတစ်​ယောက်​ကြက်​သီးထသွားရသည်​။

"နင်​လုပ်​ပြန်​ပြီလား အဲ့လိုမလုပ်​ပါနဲ့ဆိုမှ ... "

ေ​ဆာင်းညက စိတ်တိုတိုနဲ့​နေ့သစ်​ကို​ပြောလိုက်​ပေမယ့်​သူက​တော့ သ​ဘောကျ​နေပုံပါပဲ။ ဆောင်းညလည်း သူ့ကိုမော့မကြည့်တော့ဘဲ ကိုယ့်​အလုပ်​ကိုယ်​ဆက်​လုပ်​နေမိ၏။

ထိုအချိန်မှာပဲ တိုက်​ဆိုင်​စွာဖြင့်​သူမရဲ့ဆံပင်​တွေကိုခပ်​မြင့်​မြင့်​စုစည်းထားသည့်​သ​ရေကြိုး​မျော့ကွင်း​လေးက​ထောက်​ခနဲပြတ်​ထွက်​သွား​လေသည်​။
​ဖြောင့်​စင်း​ပျော့အိ​နေသည့်​ပုခုံး​ကျော်​ကျော်​ဆံနွယ်​တို့က ပြိုဆင်းကျလာခဲ့ကာ သူမရဲ့မျက်​နှာ လည်​ပင်းတို့ကို ဖုံးအုပ်​သွားခဲ့၏။

ခါး​လောက်ရှိသည့် အုတ်ဘောင်ဘေစင်မှာ အသီးအနှံ​တွေကို​ရေ​ဆေး​နေတာမို့​ခေါင်းကအလိုလို ငုံ့ပြီးသားဖြစ်​နေပြီး​အလုပ်​လုပ်​ဖို့လှုပ်​ရှားလိုက်​တိုင်း ဆံနွယ်​တွေက အ​ရှေ့သို့ပြိုကျလာတာက အခါခါ ...။
​ဆောင်းညက ပြိုဆင်းကျလာသည့်​ဆံပင်​တွေကို​ခေါင်းခါယမ်းလိုက်​လက်​မောင်းနဲ့ပင့်​တင်​လိုက်​နှင့်​အလုပ်​ကိုဖြစ်​ဖြစ်​မြောက်​မလုပ်​နိုင်​ဘဲ ဖြစ်​နေ၏။

​နေ့သစ်​ကလည်း သူမဖြစ်နေတာတွေကို တစ်မိနစ်​လောက်​ဒီတိုင်းပဲ ရပ်​ကြည့်​နေပြီးမှ ...။

"ဘာလုပ်​တာလဲ နေ့သစ်... "

​နေ့သစ်က​ရုတ်တ​ရက်​ကြီး သူမရဲ့ဆံပင်​တွေကို စုစည်း​ပေးဖို့ကြိုးစားလိုက်​တာ​ကြောင့်​ဆောင်းညလန့်​သွားမိသည်​။

"နင့်​ပုံစံကြည့်​ရတာ စိတ်​မချမ်းသာလို့ပါ ...
အလုပ်​ကတစ်ဖက်​ဆံပင်​တွေကတစ်​ဖက်​နဲ့ ဖြစ်​နေလို့ ငါက​စေတနာနဲ့ ... "

"မလုပ်​ပေးနဲ့ ရတယ်​ငါ့ဘာသာလုပ်​မယ်​... "

"နင့်​လက်​မှာ​ရေ​တွေစို​နေတယ်​လေ ... "

"​လက်​ရေစိုတာဘာဖြစ်​လဲ လက်​ညစ်​ပတ်​နေတာမှမဟုတ်​တာ ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now