ထိုအချိန်​မှာပင် ထိုနေရာတစ်ဝိုက်၌ ဆိုင်ကယ်​စီးသမားအပြင်​ အခြားသောကားတွေလည်း တစ်စီးကိုတစ်စီး ရှောင်ကြရင်းနှင့် ဆင့်ကဲတိုက်မိပြီး အက်​ဆီးဒင့်​အကြီးစား ဖြစ်​သွားခဲ့ရ၏။

" ကျွီ ... "
" ဒုန်း ... "

ထိခိုက် ပွတ်တိုက်​မိသံ​တွေက ကျယ်​လောက်​လှသည်​။
အနီးအနားမှာ ဘတ်​စ်​ကားမှတ်​တိုင်​နှင့်​ဈေးဆိုင်​ခန်း​တွေ ရှိ​နေတာမို့ ထိုကားအက်​ဆီးဒင့်​ကို လူတော်တော်များလည်း မြင်​တွေ့လိုက်​ကြသည်​။

"ဟာ ... သွားပြီး ကား​တွေတိုက်​ကုန်​ကြပြီ ... "

"လုပ်​ကြပါဦးဟ ... ထိခိုက်​မိကုန်ကြ​ပြီလား မသိဘူး ... "

ရုတ်​တရက်​မို့ အားလုံးလန့်​ပြီး မင်တက်မိကုန်ကြပေမယ့် ထိုအချိန်က စက္ကန့်ပိုင်းမျှသာ ဖြစ်​သည်​။

"ကယ်​ပါဦးဗျို့ ... ကူညီကြပါဦး ... "

တစ်​ယောက်​ကစပြီး ကားအက်​ဆီးဒင့်​ဖြစ်​၍ ဒဏ်​ရာရသူများကို ကူညီဖို့ လှုပ်​ရှားလိုက်​သည်​နှင့်​ အခြားလူတွေကလည်း အသိဝင်လာကြပြီး ချက်​ချင်းပင် ထိုနေရာသို့ ကူညီဖို့ ရောက်သွားကြ၏။
ဆေးရုံကား​တွေကို ဖုန်းဆက်​ပေးသူများ ...။
ကားထဲမှာ ညှပ်​နေသည့်​သူ​တွေကိုဆွဲထုတ်​ဖို့ ကြိုးစားကြသူများ ...။
သတိလစ်​နေသူများကို​ ရှေးဦးပြုစုနည်းဖြင့် ကူညီဖို့ ကြိုးစားနေကြသူများ ...။

​ဆေးရုံကား​တွေ​ ရောက်မလာခင် အချိန်တွင် ထိုနေရာတစ်ဝိုက်၌ ထိုတစ်ခဏတွင်လူတိုင်းသည် ထိခိုက်မိသူများကို ကူညီဖို့အတွက်​သာ စိတ်​လော​နေကြ​လေသည်​။

"ဒီမှာ ဆိုင်​ကယ်​သမား​လေးကိုလည်း ကူညီကြပါဦးဟ ... သူသတိလစ်နေလို့ ... "

ကားလမ်း​ပေါ်မှာ ဆိုင်​ကယ်​တစ်​ခြား လူတစ်​ခြားဖြစ်​ပြီး လဲကျ​နေသည့်​ ဆိုင်ကယ်သမားအနားတွင် လူတွေနှစ်ယောက်သုံးယောက် ရှိနေကြပေမယ့် ရှေးဦးပြုစုနည်း မလုပ်တတ်ကြသူများမို့ တခြားသူ​တွေကိုလှမ်း၍ အကူအညီ တောင်းနေကြခြင်းဖြစ်သည်။
သို့​ပေမယ့်​ ရှေးဦးပြုစုနည်းဟူသည်က လူတိုင်း မလုပ်တတ်သည့် ကိစ္စတစ်ခုမို့ အနီးနားမှာ လူ​တွေရှိ​နေ​ပေမယ့်​လည်း မကူညီနိုင်​ကြ​ပေ။
လုပ်​ပေးတတ်​သူများကလည်း အခြားထိခိုက်မိသူတွေကို ကြိုးစားပြီး ကူညီနေကြသည်မို့ ဆိုင်​ကယ်​သမားအတွက်​က ကူညီမယ့်​သူ​ ချက်ချင်းမရှိခဲ့ပေ။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now