Kiပြောသွားတဲ့ပုံစံနဲ့မျက်နှာပေးနဲ့အရ
သေချာပေါက်unnieအထင်လွဲမှာ~~~

မျက်နှာကိုပြုံးပြီးအချိုဆုံးဖြစ်ဖို့
jennieရှေ့ကြိုးစားနေတဲ့lisa,,,

-Unnie...

-ထားလိုက်ပါ...သဝန်ကြောင်တတ်တာဘဲ...
မင်းကောင်မလေးက...
BamBamထက်သူဆိုမင်းနဲ့ပိုလိုက်မယ်...

-Unnieကလည်းအဲ့တာက...

-ရှင်းမပြနဲ့ရတယ်...ငါသူများRSကြား
မဝင်ဘူး...လုံးဝမဝင်တတ်ဘူး...
ဟွန်း...

အဲ့လိုပြောပြီးသူမလက်ကကိုင်ထားတဲ့
ခေါင်းအုန်းကိုLISAဆီပစ်ပေးတယ်...
ပြီးတော့မျက်စောင်းထိုးပြီး
ရေချိုးခန်းထဲဝင်သွားပြန်သေးတာ...
တကယ်ကိုသူ့အိမ်ကြီးကြလို့...

-Lisaဒီသွားတိုက်တံကအသစ်လား
ငါတိုက်လို့ရလား...

-ဟုတ်တယ်...အသစ်...တိုက်လို့ရတယ်...
ဘေးကအဝါကLisaဟာ...

-အဲ့ဆိုဒီပန်းရောင်ငါယူလိုက်ပြီ...

-အွန်း...

တော်သေးတာပေါ့...သွားတိုက်တံလေး
အဆင်သင့်လုပ်ထားလိုက်လို့...
Unnieရေချိုးခန်းဝင်ရင်ကြာ
တတ်တယ်လေ...သူ့အိမ်မှာကထဲက
ဒီအတိုင်းဘဲ...အဲ့တာကြောင့်...
LISAအစောကြီးထပြီးအပြီးလုပ်ထားတာ
အတော်ဘဲဖြစ်သွားတယ်~~~

ရေချိုးခန်းထဲကသူမထည့်ထားတဲ့
သွားတိုက်တံခွက်ထဲကသွားတိုက်တံ
နှစ်ချောင်းကိုပြန်တွေးကြည့်ရင်း
ကျေနပ်နေတဲ့မျက်နှာထားနဲ့Lisa,,,

--------------------------------------------------------

လမ်းမပေါ်မောင်းနေတဲ့
ကားအပြာရောင်လေးတစ်စီး,,,

Unnieစိတ်မကြည်ဘူးလေ...
သူကိုယ်တိုင်ကားမောင်းနေတာ...
Lisaမောင်းမယ်ပြောတာကို...
"နေပါမင်းကားမောင်းရင်မယုံရဘူး"တဲ့...
အဲ့လိုခက်စွာစွာလေးပြောသေးတာသူမက...
ပြုံးရီရင်ကြည့်လို့ကောင်းတဲ့သူမက~~~

-unnie...ကားက​လဲလိုက်တာလား...

-ဟုတ်တယ်...

-ဘာလို့လည်း...

-ငြီးငွေ့လို့...တစ်ခုခုအကြာကြီးသုံးနေရတာ
သဘောမကျလို့ပြောင်းထားတာ...

I BELIEVE YOU{JENLISA MYANMAR}Z+UWhere stories live. Discover now