"ကိုကို...? မိဘမဲ့ဂေဟာကလူကို မိဘမဲ့ဂေဟာ
ကလို့ မပြောဘဲ ဘယ်လိုပြောရမလဲ ဒီကဆရာ
ကြီးကပဲ သင်ပေးပါဦး"

"မေမေရယ်... မေမေတို့ ဘယ်နားအထိသိပြီး
ဒီကိုရောက်လာကြတာလဲ။ သန်း ၁၀၀ သုံးမိလို့
ဆူဖို့ရောက်လာကြတာမလား"

"ဟေ့ကောင်... မင်းတော့ ငါလုပ်လိုက်ရင်
နာတော့မယ်"

Yoongiက ကြားကနေ ဝင်ဆူပေမဲ့ သူ့မှာလဲ
အပြောပဲရှိတာ။ဟိုကလေးက သူ့ကိုတော်တော်
ကြောက်ရှာတာကိုး။

"Yoongi အသာနေဦး။ ဒီကောင်လေးကိုတော့
စိတ်ချထားလို့ကိုမရတော့ဘူး...အဲ့Jeon Jungkookရဲ့ ဂေဟာမို့လို့ အဲ့လောက်ပိုက်ဆံတွေအများကြီးသွားလှူတာလား ဟုတ်လား။
သူလှူခိုင်းလို့လား"

"မေမေကလဲ ဘာမှမသိဘဲနဲ့ အဲ့လိုမပြောပါနဲ့"

"အေးလေ အဲ့ဒါဆိုလဲ ရှင်းပြလေ"

"မေမေ ... SeokJinလဲ ကျန်သေးတယ်။ သူ
SeokJinမသိအောင် ရှုပ်ထားတာတွေရှိသေး
တယ်"

Jiminနဲ့မျက်လုံးချင်းမဆုံဘဲ ဝင်လှော်ပေးနေ
သည့် အစ်ကိုဖြစ်သူကို အခုအချိန်မှာ Jimin
ပြန်လုပ်နိုင်တာက မျက်စောင်းထိုးနေရုံပဲရှိ
သည်။

ဘာအပြစ်မှမလုပ်ထားတဲ့ Jungkookကို မေမေ
အထင်လွဲနေမှာစိုးရိမ်တာရော၊ Jiminကိုယ်တိုင်
လဲ လုပ်ဇာတ်တွေထပ်မဖန်တီးလိုတော့တာကြောင့် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့
သည်။Jiminပြောပြနေသည့် အကြောင်းအရာ
တို့ကို နားထောင်ရင်း သားအမိနှစ်ယောက်ရဲ့
မျက်နှာအမူအရာတို့ကလဲတမျိုးပြီးတမျိုးပြောင်း လဲနေသည်။

"သားကပဲ မကောင်းတဲ့လူပါ။ Jungkookကို
အထင်မလွဲပါနဲ့"

"ဟင်း"

ရှည်လျားလှတဲ့ ရှင်းလင်းချက်အဆုံးမှာတော့
မေမေတစ်ယောက် နားထင်ကြောတွေကိုဖိနှိပ်
ကာ ဘာစကားမှ မဆိုတော့ဘဲ သူမရဲ့အခန်းထဲ
သို့ဝင်သွားတော့သည်။ ကိုကိုသည်လည်း ထိုနည်းလည်းကောင်း...။

ထက်မြက်တယ်... ရဲရင့်တယ်... အနေအေးပြီး
ချစ်ဖို့ကောင်းတယ်... အမှားအမှန်ဆုံးဖြတ်နိုင်
တယ် ...အစရှိသဖြင့် တစ်ယောက်ထဲ ရပ်တည်
နိုင်ပြီထင်ရတဲ့ ကလေးငယ်ရဲ့ စိတ်ဝိညာဉ်လေး
က ဒီလောက်ထိတောင်ပဲ ညစ်ကြေးစွန်းထင်း
နေခဲ့တာလား။

Unconditional LoveWhere stories live. Discover now