"မနေ့ညက"

"သားက မေမေ့ကို အရမ်းသတိရနေတာ"

"အင်းပါ။ ညဘက်အိမ်ပြန်မအိပ်ဘဲ ဘယ်တွေ
သွားနေတာလဲလို့"

"ဟို..TaeHyung"

"ကိုကို ခုနကမှ TaeHyungဆီကပြန်လာတာ"

Yoongiက သူစကားမလွန်သွားစေဖို့ ကြားဖြတ်
ပြီး ဝင်ပြောလိုက်သည်။ သားအမိနှစ်ယောက်
သူ့ကို ဘာဖြစ်စေချင်နေကြတာလဲ။

"ရော့"

"ဘာကြီးလဲ"

"သန်း ၁၀၀ တောင် လှူထားပြီးမှတော့ ဂုဏ်ပြု
မှတ်တမ်းလေးလောက်တော့သိမ်းထားသင့်တယ်
မဟုတ်လား ကလေး"

မေမေက မေတ္တာရိပ်မြုံ ဆိုသည့် ခေါင်းစည်းစာ
တန်းလေးပါဝင်သော ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခုကို Jiminဆီသို့ ကမ်းပေးရင်းနှင့် ပြောလာခဲ့
သည်။

မေမေတို့ ဘယ်ကနေဘယ်အထိသိပြီးဒီကိုရောက်လာကြတာလဲ။SeokJin Hyungပြန်သွား
လို့မှ အသက်ရှူချောင်ခါစလေးရှိသေးတယ်။ လောလောဆယ် ဘာမှထပ်ပြီး ဖြေရှင်းမနေချင်တော့ဘူး။လုပ်ချင်တာသာလုပ်သွားကြပါတော့
ဟူ၍ပဲ အော်ဟစ်ပစ်လိုက်ချင်တော့သည်။

"မေတ္တာရိပ်မြုံဆိုတာ SeokJinနေခဲ့တဲ့ ဂေဟာ
မလား"

"ဟုတ်"

"SeokJinနေခဲ့တဲ့ဂေဟာကို Jiminက ဝမ်သန်း
၁၀၀လှူတယ်ဆိုတော့ Hyungကိုတော်တော်
ချစ်တဲ့ပုံပဲ"

မေမေ့စကားကိုကြားတော့ ကိုကိုက အသံထွက်
အောင်ပင် ရယ်လေသည်မို့ ကိုကို့ဆီ မျက်စောင်း
တစ်ချက်လှမ်းထိုးလိုက်သည်။

"အခုရော အိမ်မှာ ညမအိပ်ဘဲ ဘယ်ကပြန်လာတာလဲ...."

"........."

"ပါးစပ်ပိတ်မနေဘဲ မေမေ့ကိုနည်းနည်းရှင်းပြ
ဦး Jimin....ဒီဓာတ်ပုံထဲက Jeon Jungkook
ဆိုတာမလား"

"ဟုတ်ပါတယ်"

မေမေ သူ့အရှေ့ကိုပစ်ချပေးတဲ့ ဓာတ်ပုံတချို့ကို
ကြည့်လိုက်တော့ သူနဲ့ Jungkookတို့ရဲ့ပုံတွေ..

"သူလဲ အဲ့ဒီမိဘမဲ့ဂေဟာကပဲမလား"

"ကိုကို့ကို မိဘမဲ့ဂေဟာကလို့ မပြောပါနဲ့ မေမေ
ရယ်"

Unconditional LoveWhere stories live. Discover now