" မင်းနိုးနေပြီလား "

ဖန်းဂူရဲ့အေးဆက်ဆက်အသံက လေထုထဲကလွင့်ပျံလာချိန် လက်ထဲမှာဆော့ကစားနေတဲ့အရာဟာလဲ ရပ်တန့်သွားပြီး ထိုအရာက ငွေရောင်အနားကွတ်နဲ့ အနက်ရောင်အရိုးပါရှိတဲ့ ဓားကောက်တစ်ချောင်းဖြစ်နေပြီး ဖန်းဂူရဲ့ဒုတိယလက်နတ်တစ်ခုလဲဖြစ်တယ် ...

မင်းယွီထိုအရာကို ကောင်းကောင်းကြီးမှတ်မိနေတယ် ... မြေအောက်ခန်းထဲ ပထမဆုံးရောက်ရှိချိန်က လူတစ်ယောက်ရဲ့ နှလုံးအိမ်တည့်တည့် ထိုးစိုက်နေတဲ့ ရက်ဆက်တဲ့ဓားတစ်လက် ...

သွေးတွေမြင်မကောင်းအောင် အိုင်ထွန်းနေတဲ့ ထိုမြင်ကွင်းကို ပြန်မြင်ရောင်မိတော့ မင်းယွီခြေလှမ်းတွေက အလိုလို ရပ်တန့်သွားလေတယ် ...

ဖန်းဂူက သူ့အနောက်မှ လှုပ်ရှားသံတွေ ငြိမ်သက်သွားသည်ကို ရိမ်မိလိုက်တော့ ဓားကို ဓားအိမ်ထဲထည့်သိမ်းပြီး အင်္ကျိအတွင်းပိုင်းက ထားနေကျနေရာသို ပြန်သိမ်းလိုက်တယ် ...

ခန္ဓာကိုယ်မှာ လက်နက်တွေကွယ်ဝှက်ထားတဲ့ လူတစ်ယောက်အနားမှာ နေရတာက မင်းယွီအတွက် အသားမကျသေး၍ ဖန်းဂူလှည့်ကြည့်လာတော့ ခြေလှမ်းတွေက အလိုလို အနောက်သို့ ဆုတ်ခွာသွားမိတယ် ...

မနက်က နူးညံ့နေတဲ့လူက ခုတဖန် အေးဆက်သွားပြန်ပြီ ... ဖန်းဂူက မင်းယွီနဲ့ စကား အေးဆေးပြောဖို့အတွက် သူ့ဘေးကခုံပေါ် ထိုင်စေလိုက်တယ် ...

" ပိုင်မင်းယွီ ...

မင်းမိဘတွေအကြောင်း ငါသိချင်တယ် "

ရုတ်တရပ် သူ့အကြောင်းကိုမေးလာတော့ မင်းယွီကြောင်အန်းသွားပေမဲ့ သူ့ရဲ့ဘဝလေးက ရိုးရှင်းတာမို့ ဖုံးကွယ်မနေပဲ ပြောပြလိုက်တယ် ...

" ကျွန်တော့အဖေနဲ့အမေက ဘီတာတွေ ...

ကျွန်တော်တို့က သာမာန်လူဆင်းရဲရက်ကွက်လေးထဲမှာနေထိုင်တယ် ...

ကျွန်တော်ကျောင်းတက်ရင်းနဲ့အချိန်ပိုအလုပ်တွေလုပ်တယ် ...

ဘွဲရပြီးတော့ ကုမ္ပဏီတစ်ခုမှာအလုပ်ရခဲ့တယ် ...

ဒါပေမဲ့ ကျွန်တော် အိုမီဂါမှန်းသိသွားတော့ အလုပ်ထုတ်လိုက်ကြတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now