အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး

Start from the beginning
                                    

"ကိုခန့်က အမဖြူစင်သော်ရဲ့ဆေးမှတ်တမ်းတွေဖျောက်ပစ်ခဲ့တယ်ဆိုတာ အမှန်ပဲလား?"

"...."

အံ့သြမနေတော့ပါဘူး ဒီလိုဖြစ်နေကတည်းကရိပ်မိတယ်
ဖြူစင်သော်ရဲ့လက်ကျန်စနက်မှန်း!!

မင်းခန့်ထည်ကခနတာတိတ်ဆိတ်သွားပြီးနောက်အမှန်အတိုင်းပြန်ဖြေလာသည်။

"အင်း ဟုတ်တယ် ကိုလုပ်ခဲ့တာ"

"ဘာလို့လဲ!"

ရှိုင်းကအသက်မရှူစတမ်းအလျင်အမြန်ပြန်တုံ့ပြန်လာတဲ့အခါမင်းခန့်ထည်ကဒေါသသံစွက်ကာပြောပြလာခဲ့သည်။

"သူမကဆေးမှတ်တမ်းတွေကိုအကြောင်းပြပြီးအမှုကနေကွင်းလုံးကျွတ်လွတ်ချင်နေခဲ့တာ ဘာလို့လဲသိလား
မင်းလေးကိုနောက်ကွယ်မှာထိခိုက်အောင်လုပ်ဖို့ကြံရွယ်နေခဲ့တာ !"

"...."

"မင်းလေးကိုကိုယ်လုံးဝအထိမခံနိုင်သလိုအဆုံးရှုံးလည်းမခံနိုင်ဘူး သူမက ကိုယ်သိပ်မြတ်နိုးရတဲ့မင်းဆိုတဲ့အဖိုးတန်လေးကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေတာ ကိုယ်သည်းမခံနိုင်ဘူး။အဲ့တာကြောင့် ကိုယ် ဆေးမှတ်တမ်းတွဖျောက်ပစ်ခဲ့တယ်။အဲ့လောက်နဲ့ပြီးသွားတာကိုပဲ သူမကျေးဇူးတင်သင့်တာ!"

ထိုစကားတွေဆိုနေစဥ်၌အနှီလူသားရဲ့မျက်ဝန်းတွေထဲမှာ သူ မရင်းနှီးတဲ့အရိပ်တစ်ခုခိုအောင်းနေခဲ့လေရာထိုမျက်ဝန်းတွေကိုသူကြောက်ရွံ့မိလေ၏။

"ခများကတကယ်ကို ......နှလုံးသားမရှိတဲ့လူပဲ"

ရေခဲပြင်အလွှာပါးလေးကရုတ်တရက်ကျိုးကြေသွားသလို။
သူ့နှလုံးသားတစ်ခုလုံးအားအကြွင်းမဲ့ပုံအပ်ထားပါတဲ့လူသားလေးဆီကနေ'နှလုံးသားမရှိတဲ့လူ'ဆိုတဲ့စကားလုံးတွေကိုကြားလိုက်ရတဲ့အခါမှာတော့ သူ၏အသဲစိုင်တစ်စုံဟာကြမ်းပြင်ထက်၌လွင့်စင်သွားရသောဖန်သားစလေးတွေသဖွယ် ချေမွခံလိုက်ရလေ၏။မြင်ကွင်းတစ်ခုလုံးက လုံးဝဟာလာဟင်းလင်းဖြစ်နေကာ ကမ္ဘာမြေဆွဲအားမရှိတဲ့လေဟာနယ်တစ်ခုထဲသို့ ကူကယ်ရာမဲ့စွာကျရောက်သွားခဲ့ရချေသည်။

နှလုံးသားမရှိတဲ့လူ...........

ဟူး!!!!

သူသက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက်ခုတင်ပေါ်ကကောင်လေးအားမျက်လုံးပင့်ကြည့်လာရင်း သူ၏နှုတ်ခမ်းတွေကိုဆိုးသွမ်းမှုအပြည့်တွန့်ကွေးလိုက်တော့သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now