"မောင် ... မောင် ထွက်လာတော့
ငါမောနေပြီလေမောင် အရှုံးပေးလိုက်တော့လေ"
ချန်းယောလ် နဲ့တူတူပုန်းတန်းဆော့နေသည့်
ဘတ်ခ်ဟျွန်း တစ်ယောက် ညမီးတိုင်တွေအောက်မှာတစ်ယောက်ထဲ ချန်းယောလ် ကိုလိုက်ရှာနေသည်မှာ ရိုးရိုးမဟုတ် နှုတ်ခမ်းလေးကိုဆူထော်ပြီး ချန်းယောလ် ကြားအောင် အော်နေလေသည်။
"မောင်လို့... ငါ့ကိုမသနားတော့ဘူးလားဟင်
ထွက်လာပါတော့လို့ ငိုချင်လာပြီကွာ
မောင်မကောင်းဘူး "
ဘတ်ခ်ဟျွန်း ငိုသံအနည်းဖြင့်အော်ခေါ်နေသော်လည်းပေါ်ကိုမလာတဲ့မောင်ကြောင့် ပိုပိုပြီးအော်လိုက်မိသည်
"မောင်!!!ငါစိတ်ဆိုးလာပြီနော်
ပြီးမှလာမချော့နဲ့"
နည်းမျိုးစုံနဲ့အော်ခေါ်နေသော်လည်း မောင်ပုန်းနေရာမှထွက်မလာပါ
"မောင် ဒီနားမှာ ပုန်းနေတာမဟုတ်ဘူးလား?
ခုနက ဒီဘက်လမ်းထဲဝင်သွားတာတွေ့လိုက်ပါတယ်"ဟု တစ်ကိုယ်ကြားရုံသာရေရွတ်ပြီး ခေါင်းကုတ်စဥ်းစားနေလေသည်...
ဒီတစ်ခါမှခေါ်မရရင် မောင် ဒီလမ်းကြားလေးထဲမှာပုန်းနေတာမဖြစ်နိုင်ဘူးဟုကောက်ချက်ချကာ
နောက်ဆုံးအနေဖြင့် ကြားလောက်နိုင်သည့်အသံဖြင့် အော်ခေါ်လိုက်သည်
"မောင် ငါပင်ပန်းနေပြီ မဆော့တော့ဘူး အရှုံးပေးလိုက်ပြီနော် အာ့ကြောင့် ထွက်လာခဲ့တော့မောင်.."
သို့သော် လမ်းကြားကလေးမှာတိတ်ဆိတ်လျှက်ပင် ဘတ်ခ်ဟျွန်း လဲဘာတုန့်ပြန်ချက်မှမရသဖြင့် ထိုလမ်းကြားထိပ်မှ စိတ်ပျက်စွာ လှည့်ထွက်လာခဲ့သည် ထိုအချိန်
"Baek.... ဘတ်ခ်ဟျွန်း"
ထိုခေါ်သံကြောင့် ဘတ်ခ်ဟျွန်း ပျော်ရွှင်စွာ အသံရှိရာကို အမြန်လှည့်ကြည့်လိုက်သည်။သို့သော်မျှော်လင့်ထားသူမဟုတ်သောကြောင့် စိတ်ပျက်စွာဖြင့် တစ်ဖက်ကလူသူ့အနားရောက်မည့်အချိန်ထိ စောင့်နေလိုက်သည်....
"ရား.."
"ဘာလဲ ဆယ်ဟွန်းရာ.. ငါဒီမှာ မောင်နဲ့ လာဆော့နေတာ မင်းလာနှောင့်ယှက်ဦးမလို့လား"
YOU ARE READING
Hug Me (Completed)
FanfictionBaekhyun - If you enjoy waiting, this is love. Chanyeol - I just fell in love with you. Sehun - There were shadows of sadness in every eye I looked at. Luhan - I have no regrets about leaving him. May he be happy with my love.
