"ကဲသားလေး Arthitကလည်း ငိုကဘူးလေ  … …

ကျနေ်ာ ပြောရင်းသူ့မျက်ရည်လေးတွေကိုသုတ်ပေးနေမိသည်။

"မင်းနော် မင်း ငါ့မိန်းမနားသိပ်ကပ်တာပဲ … …

Singရဲ့မိန်းမလို့ပြောသံကြောင့် သူလေးနဲ့ကျနော်ပြိုင်တူမျက်စောင်းပြစ်မိတော့ ကိုယ်တော်ခေက လန့်နေတဲ့ပုံလုပ်ပြသည်။ ဒါကိုအားမရတဲ့ သားလေးက

"သားပါးပါးကိုမိန်းမလို့ခေါ်နဲ့ ပါးပါးကိုသားကြီးရသ်ယူမှာ ပါးပါးကသားမိန်းမ နော်ပါးပါးနော် … …

"ဘာကွ … …

သားလေးနဲ့ Singရဲ့ ရန်ပွကလည်း တစ်နေ့တစ်ခြား ချစ်စရာများဖြင့်ပြည့်နေသည်။ ထိုစဉ်

"ဟာ သားArthitကတော့ ပါးပါးတို့ကို သွားရှုပ်ပြန်ပြီ လာဒယ်ဒီဆီ … …

သူအဖေကျနော်အကို Jungရဲ့ အားနာနာ ဆူသံကြောင့် သားလေးက ကျနော့်ကိုဖက်လိုက်ပြီး

"ရပူးးးး ရပူးးးး ပါးပါးလိုက်ပို့  ဒယ်ဒီနဲ့လည်းသွားပု ပါးပါးနဲ့သွားမှာ ဒယ်ဒီSingကူပြောပေအုံးယေ … …

"ဟားးးးဟားးး ငနာလေး ငါ့လိုမှ ဒယ်ဒီSingတဲ့ ငါမိန်းမကိုလုတုံးကကျတော့ … …

"ဟာ ကိုနော် ကလေးကို အကိုလည်းရှိတယ်လေ …

ကျနော် SIngကိုဆူလိုက်သည်။

"အေးပါကွာ သားလေးသဘော ခုတော့ ညီလေးSingကော Kitကော အိမ်အောက်ဆင်းလာခဲ့ မနက်စာမင်းတို့အမ ပြင်ပေးနေတယ် … …

အကိုကပြောရင်းဆင်းသွားသည်။ Singလည်းလိုက်သွားတော့ ကျနော်လည်း သားလေးArthitကို ချီရင်း သူတို့နောက်ကလိုက်လာခဲ့သည်။

"ဟော့ ပါးပါးတို့ဒယ်ဒီတို့ သားချောလေးတို့  လာကျပါရှင့် ကျနော်မျိုးမ မာမီကြီးက မနက်စာပြင်ပြီးပါပြီရှင့် … …

အမ စကားသံကြောင့် ထမင်းစားဝိုင်လေးမှာ ပျော်ရွှင်စွာ ရယ်မောမူတွေ လွမ်းမိုးခဲ့သည်။

သားလေးက သူ့မိဘတွေထက် ကျနော့်နဲ့Singကိုပိုခဲ့တယ်လေ။ ကျနော်ကိုအပျောက်မခံသလို အမြဲရန်ဖြစ်နေကျSing အလုပ်ကပြန်နောက်ကျရင်တောင် သူလေးက မအိပ်နိုင် သူဒယ်ဒီSing ပြန်မလာလို့ တငိုငိုတရီရီနဲ့လေ။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now