Part-10

3.5K 173 2
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း ၁၀

Sing

သူမျက်နာလေးကို နေ့တိုင်း ကျနော်ကြည့်နေမိသည်။ ကျနော်အရင်လို ဘားလည်းမသွားတော့ဘူး။ ရှိသမျှ စော်တွေနဲ့လည်း ဖြတ်လိုက်ပြီဖြစ်သည်။ ကျနော်သူအချစ်သာရမယ် ဆိုရင် ကျနော်နဲ့ စေ့စပ်ထားတဲ့ ကောင်မလေးနဲ့တောင် ကျနော်ဖြတ်ရဲပါတယ်။

ငါမသိခဲ့တဲ့ အချစ်စစ်က မင်းနဲ့ ရန်သူ့ဖြစ်ပြီးမှ ဘာလို့ဖြစ်လာရတာလည်းကွာ ။ မင်းအမုန်းတွေ ကျေဖို့ ငါ ဘာပဲလုပ်ပေးရလုပ်ပေးရ လုပ်ပေးပမယ်ကွာ။

ကျနော် သူနားကပ်နေမှ ရမယ် ဟိုအကိုဆိုတဲ့ ကောင်လက်ထဲတော့အပါမခံနိုင်ဘူး။

နေ့လယ်ထမင်းစားချိန်ရောက်လို့ တစ်ခါမှ ထမင်းချိမ့်မထည့်ဘူးတဲ့ ကျနော် သူနဲ့ ဝန်ထမ်းတွေ ဝိုင်းထဲ မသိမသာ ရော၍ ဝင်စားလိုက်သည်။

ဝန်ထမ်းတွေက ကျနော့်ကိုအံသြလို့ ကြိုဆိုကျပင်မယ့် ။ သူကတော့အပြုံးတစ်ခုကလွဲပြီးမရှိပါ။

အားလုံး ကော်ဖီဆိုင် ခနသွားနေတဲ့အချိန်  သူနဲ့ကျနော် ရုံးကို ပြန်လာခဲ့သည်။ သူကသူ့ ရုံးခန်းတံခါးဖွင့် ဖို့အလုပ် ကျနော်သူ့လက်ကိုစောင့်ဆွဲလိုက်ကာ ကျနော်ရုံးဘက်ဦးတည်လိုက်သည်။

"မင်းဘာလုပ်တာလဲ … …

" … …

ကျနော် သူကိုရုံးခန်းထဲ ခေါ်လိုက်သည်။ပြီးနောက် ဆိုဖာပေါ်ကို တွန်းချလိုက်တော့ သူမျက်လေး ကလယ်ကလယ်ကြည့်နေသည်။

"ငါမင်းကိုချစ်တယ် Kit … …

"ငါမချစ်ဘူးမင်းကို … …

သူမချစ်ဘူးဆိုတဲ့ စကားကို ကျနော်မယုံဘူး သူကျနော့်ကိုချစ်တယ် ။ ခုထိချစ်နေဆဲပဲ ဆိုတာလည်းယုံတယ်။

"မင်းငါ့ကိုခုထိချစ်နေဆဲပဲမလား မလိမ်နဲ့krist  … …

"ဘာတွေလာပြောနေတာလည်း ငါတို့တွေ့ဖူးတာ တစ်လတောင် မရှိသေးဘူး … …

သူအခန်းထဲက ထွက်ဖို့အလုပ်ကျနော် သူလကါကိုပြန်ဆောင့်ဆွဲကာ သူပါးကိုလက်နှစ်ဖက်နဲ့ ဆွဲကိုင်လိုက်ကာ။ သူနူတ်ခမ်းကို ကျနော့်နူတ်ခမ်းနဲ့ ခပ်ဖွဖွ ဖိကပ်ထားလိုက်သည်။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now