ကျနော်တို့တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ပြီး ကြောင်အနေမိစဉ်ထိုအမ

"အမအတွက်မလိုတော့ဘူးလေ မောင်လေးကိုပြောချငိတယ် ချစ်တတ်ရင် မရှက်တတ်ကျပါနဲ့ အမလည်း မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့ဖူးတယ် မဟုတ်ဘူး ခုထိချစ်နေတုံးပဲ အမရဲ့သတ္တိကြောင်မူကြောင့် သူအမဘေးကနေ ထွက်သွားခဲ့တယ် ခုဆို သူလည်ူအိမ်ထောင်နဲ့အမလည်း ဟော့ဒီက အသဲတစ်ခြမ်းလေးနဲ့ရှီနေပြီလေ။

သူမကလေးကို မေးငေါ့ပြကာပြောနေသည်။ ပြောနေရင်း သူမမျက်ဝန်းများက စို့နင့်နေဟန်။

အော် ချစ်တိုင်းလည်းမညားသလို
ချစ်တတ်ရင် မရှက်တတ်နဲ့တဲ့

သူမဘေးကထွက်လာလိုက်ပြီး သူမနဲ့နားလည်မူတွေရယူခဲ့သည်။

"ကို ချစ်လည်း သူတို့လို ကလေးလေးလိုချင်တယ် ချစ်မမွေးပေးနိုင်တာ Sorryပါနော် …… …

မျက်နာငယ်လေးနဲ့ ငိုမယောင်ပြောနေတဲ့ သူလေးခေါင်းကိုမော့စေလိုက်ကာ

"ကိုအတွက် ချစ်ရှိရင် ရပြီ ချစ်ဆိုတဲ့ကလေး လူကြီးလေးပဲလိုတာ … …

"ဟာကိုနော် … …

နူတ်ခမ်းလေးကိုက်ကာပြောနေသည်။

"ဟားးး ထားလိုက်ပါ ကို့ဘဝအတွက် ချစ်ရှိရင် ပြည့်စုံပါပြီ … …

"တကယ်နော် ကတိ … …

"ကတိဗျာ ကတိ … …

လက်ချင်းချိတ်ဆက်ကာ နှလုံးသားရဲ့ ကတိတစ်ခုကို တည်စေလိုက်သည်။

အိမ်ပြန်ရောက်တော့ သူလေးကိုရေချိုးခိုင်းပြီး ကျနော် နောက်ဖေးမှာ မနက်စာချက်နေလိုက်သည်။ သူလေးဆင်းလာတော့ ကျနော်ရေတတ်ချိုါ်လိုက်သည်။

သူလေးကတော့ ဟင်းတွေကို စားပွဲမှာ နေရာချနေလိုက်သည်။

အဝတ်လှဲနေတုံးအောက်ထပ်က ဘဲလ်တီးသံကြားလို့ သူလေးတံခါးဖွင့်လိုက်သည်။ သို့ပေမယ့် တစ်ခုခုကို အံသြနေဟန် ကျနော်လည်းလှေကားပြေးဆင်းလာတော့

"ဟိုလူ … …

"ဟိုလူမဟုတ်ဘူး Jungကွ … …

သူ့ဘေးမှာ Mook ဘာတွေလည်း သူတို့ ဘာလို့လိုက်လာတာလည်း ကျနော့်နဲ့ သူလေးကိုခွဲဖို့လား

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now