Singပြောပြလို့ သူမကျနော့်အပေါ်ဘာတွေ လူပ်ထားသိလိုက်ပြီး။ ဝေဝါးစွာ မုတ်မိနေသည်။

သူမကျနော့်အနား လေးလံသော ခြေလှမ်းများဖြင့် ရောက်လာခဲ့သည်။

"နင် နင် ဒါဘာလုပ်တာလဲ … …

"ဟာ Mook … …

Singtoနဲ့ ကျနော် အော်ပြောလိုက်မိသည်။ သူမရဲ့လုပ်ရက်ကြောင့်ပေါ့။

သူမကျနော် ရှေ့မှာ   ဒူးထောက်လိုက်ခြင်းသာ ဖြစ်သည်။
ဘာကြောင့်လဲ သူမကဘာလို့ ဒူးထောက်တာလဲ။

"ငါ  … …ငါတောင်းပန်ပါတယ် Krist  … …

အရင်ကပြောခဲ့တဲ့ ခက်ထန်ကျောသော သူမအသံများကခုတော့ အားအင်ချီ့နဲ့နေဟန်။

သူမက ကျနော့်အား တောင်းပန်တယ်တဲ့။ သူမတောင်းပန်စကားကို ကျနော် ယုံသင့်လားမသိ။သူမဟန်ဆောင်နေတာလား ဝေခွဲမရ။သို့ပေမယ့် သူမမျက်ဝန်းများက သက်သေ။သူကိုယုံကြည့်ဖို့ ပါးစပ်က်မဆိုသေးပေမယ့်။ မျက်ဝန်းက အရည်ကြည်လေးများ ဝဲကာ စို့နင့်နေသည်။

"ငါလေ ဟင့် နင်ကို စမ်းသပ်လိုက်တာပါဟာ နင်အဲလောက် ကြောက်တတ်မယ်မုန်း ငါတကယ်မသိလို့ပါ ငါတောင်းပန်ပါတယ် ဟင့် ငါမှားသွားပါတယ်  … … …

ကျနော်သူ့အနားသွားကာ သူရှေ့ ထိုင်လိုက်ကာ သူပုခုံးကို စုတ်ကိုင်ရင်း

"ငါခွင့်လွှတ်ပါတယ် … …

"ဟမ် … …

သူကအံသြသွားပုံရသည်။ လူတိုင်းက တစ်ခါတစ်လေ အမှားတစ်ခုကိ ု မထင်မုတ်ပဲ ပြုလုပ်တတ်ကျတယ်။ သူတို့အမှားအတွက် ပြင်ဆင်ဖို့ အခွင့်အရေးလေး တစ်ခုတော့ ကျနော် သူကိုပေးချင်မိသည်။

"နင်နောက်တစ်ခါ ထိုနည်းတူစွာ အမှားမျိုးမကျူးလွန်မိစေနဲ့  ငါ့ကတိပေးပါ … …

ကျနော်ပြောလိုက်တော့ မျက်ရည်များကြားက သူမမျက်နာက ကလေးငယ်တစ်ဦးပမာ တောက်ပသော မျက်ဝန်းများဖြင့် ခေါင်းလေးကို တညိမ့်ညိမ့် လုပ်ပြနေကာ ထောက်ခံနေသည်။

ကျနော့်ဘဝမှာ အဆိုးဆုံးတွေ ဖြစ်နေကျပဲ။ ဒီလောက်လေးက ကျနော့်အတွက် မပြောပလောက်ပါ။ သေးဖွဲ့တဲ့ အပြစ်လေး တစ်ခုအတွက်နဲ့တော့ သူမကိုသူမ တစ်သက်လုံး အပြစ်ရှိနေတယ်ဆိုတဲ့ စိတ်နဲ့မနေသွားစေလိုပါ။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now