ကလေးလေး ဘေးကထွက်သွားတာတောfပ်ငန့်း ကျနော်သိလိုက်သည်။ သို့ပေမယ့် ဟိုနားဒီနား လောက်သွားမယ်အထက်နင့် လွှတ်လိုက်ချင်းသာ။

ထိုလုပ်ငန်းရှင်တွေနဲ့ပြောတာ အတော်လေး ခရီးရောက်သွားသည်။ အဖေပေးခဲ့တဲ့ ပညာအမွေနဲ့ စီးပွားရေးအမြင်က ကျနော့်အတွက် သိပ်အသုံးဝင်တယ်ပြောရမည်။

ခုလုပ်ငန်းရှင်တွေကို စကားပြောရင်းသိမ်းသွင်းတာ အတော်လေးခရီးရောက်နေပြီဖြစ်သည်။ ကျနော်ပြောသမျှကို သူတို့ သဘောကျသည်။ ပူးပေါင်းလိုကျသည်။

ကျနော့်လုပ်မယ့်လုပ်ငန်း က Singto အဖေအတွက်တော့ အကျိုးနည်းသွားမှာဖြစ်သည်။ ကလေးလေးရေ သူတို့ကို ရိုက်ချဖို့ နီးလာပြီ ခနလေးပဲစောင့်။

ကျနော် ထိုလူကြီးများနဲ့စကား ဖြတ်လိုက်သည်။ နာရီကြည့်တော့် ၉နာရီခွဲတော့မည်။ ပြန်ရတော့မည်။
ကလေးလေးကို လိုက်ရှာတာ ဘယ်မှာ ရှာရှာမတွေ့ပါ။

ဒီကလေးဘယ်ရောက်နေတာလဲ ပြန်ရတော့မှာကို ။ ဟိုကောင် Singများ တစ်ခုခု လုပ်လိုက်တာလား။ ကျနော်ကလေးကို အပြေးအလွှားရှာနေမိသည်။

စံအိမ်ကြီး အရှေ့ရောက်တော့ Singtoနဲ့တွေ့သည်။ သူလည်းဘာရှာနေမှန်းမသိပါ။ သူဘေးမှာလည်း ကလေးမရှိဘူး။ ဒါဆိုကလေးက ဘယ်ရောက်သွားတာလည်း။

"singto မင်းkitကို တွေ့သေးလား … …

ကျနော်သူနားသွားမေးတော့ သူပါလန့်သွားဟန်ရှိသည်။

"ဘာ ငါလည်းသူကိုညရှာနေတာ … …

"ဟမ် ဒါဆို ကလေးဘယ်ရောက်နေတာလဲ … …

"ရုပ်ဆိုးလေးကို လူခွဲရှာကျတာပေါ့ … …

သူနဲ့ကျနော် စံအိမ်အပြင်ဘက်မှာ လူခွဲရှာကျသည်။ ငါ့ကလေးကိုများ ရုပ်ဆိုးလေးတဲ့ မင်းလိုရုပ်ကြည့်ကြိုက်တဲ့ ကောင်ကပြောမှာပေါ့ဟင့်

ဘယ်လိုရှာရှာ မတွေ့ ကလေးရယ် ဘယ်တွေများ သွားနေတာလည်းကွာ
စံအိမ်ရဲ့ အခန်းတိုင်းကို ကျနော်နဲ့ Singto လိုက်ရှာရင်း

"ဟဲ့ သတိထားလေ ကယ်ကျပါအုံးရှင့် ကယ်ကျပါအုံး … …

ဒါဘယ်သူအော်နေတာလည်း

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now