အကိုနဲ့အတူ အိမ်ပြန်လာလိုက်သည်။ အိမ်ရောက်တော့ အကို ကိုသူအခန်းထဲခနထိုင်ခိုင်းကာ ကျနော် ဆေးသေတ္တာ ယူလာလိုက်သည်။

အကိုမျက်နာ ကို ရေနွေး လေးနဲ့ အဝတ်စတို့ကာ ဆေးပေးလိုက်သည်။ နူတ်ခမ်းနား ပေါက်သွားတော့ ဆေးထည့်ပေးနေမိသည်။ စိတ်ထဲမကောင်းပါ ကျေ့်ကြောင့် အကိုရန်ဖြစ်တတ်နေပြီလေ။

"အကို ဘာလို့ သူကိုထိုးတာလည်း … …

အကို မျက်နာလေး ငိုင်ကျသွားကာ

"ညီ့ကို စောကားတဲ့ လူမုန်သမျှ အကို ပြန်တုံပြန်ဖို့ ဝန်မလေးဘူးညီ … … …

"ကျေးဇူးပါ အကို ညီကို ခုလို ညီလေးတစ်ယောက်လို ကာကွယ်ပေးလို့ … … …

"  … … …

ကျနော်အကိုကို ဖက်ထိုက်မိသည်။ အကိုလည်း ကျနော်ကို တင်းကျပ်စွာ ပြန်ဖက်လာခဲ့သည်။

ကျေးဇူးပါအကို ကျနော်အတွက် အနွေးထွေးဆုံး အကိုတစ်ယောက်ဖြစ်ပေးလို့။

#######

Jung

အကိုတစ်ယောက်တဲ့လား ညီရယ် အကိုထက်ပိုလို့မရတော့ဘူးလားကွာ
အဲကောင်လောက်တောင် မင်းရင်ထဲမှာ အကို့ ကိုနေရာတစ်နေရာ မပေးနိုင်တော့ဘူးလား။ ချစ်တယ်ညီ
ညီမင်းပြောခဲ့သလိုပဲ ညီသူကို လက်စားချေပြီးရင် အကိုနဲ့အတူ တူတူနေမယ်။ ညီက အကိုအတွက်ပဲ။ ညီအကိုဆီ ပြန်လာမှာပါ။

###########

Sing

ခေါင်းတွေကိုက်လိုက်တာ။ ကျနော်ခေါင်းကိုဖိရင်း ရုံး သို့ကားမောင်းလာခဲ့သည်။
သံပုရာရည်ကို ရုံးရောက်တော့ တစ်ကျိတ်တည်း မော့သောက်ပလိုက်သည်။

"ဟူးးးး ခုမှပဲ သက်သာတော့တယ် … …

ကျနော်ရုံးခန်းထဲ ဝင်မည်အလုပ် သူနဲ့တိုးတော့သည်။ သူက ဖိုင်လေးကိုင်ကာ လမ်းလျှောက်လာနေသည်။ ဖိုင်ကြည့်ရင်းလျှောက်လာတဲ့ သူက ပတ်ဝန်းကျင်တောင်မေ့နေဟန်တူသည်။

သူကို ကျနော်ငေးကြည့်နေမိသည်။ သူရဲ့ လူပ်ရှားမူတိုင်းကိုပေါ့။ ဘာကြောင့်လည်းတော့ ကျနော်လည်းမသိပါ။ ဒါပေမယ့် ဘယ်ဘက်ခြမ်းက ရင်တစ်စုံကတော့ သာမန်ထက် နှစ်ဆ ခုန်ပေါက်နေတော့သည်။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now