Chapter(8)Part(2)Unicode

21.4K 1.9K 77
                                    

သိင်္ခငြိမ်းချမ်း

Past

2020 ခုနှစ် မိုးရာသီကာလ

************************************************************************

ကျွန်တော့် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိတယ်။ ဒီဖုန်းက ကိုမိုးဒေဝါ ကျွန်တော့်ကို ဝယ်ပေးခဲ့တာ။ ဖုန်းအစုတ်ကိုင်နေလို့ ငါခေါ်တိုင်း ဖုန်းမဝင်တာကို ငါမကြိုက်ဘူးဆိုပြီး ကျွန်တော့်ကို ဖုန်းအသစ် ဝယ်ပေးထားခဲ့တာ။

ဖုန်းဆက်လို့ မကိုင်ရင် အမြဲစိတ်တိုတတ်တဲ့ အကို က အခုတော့ ကျွန်တော့်ကို ဖုန်းမဆက်တာ ရက်တစ်ချို့ကြာခဲ့ပြီ။

ကျွန်တော် စက္ကန့်ပိုင်းကို တစ်ခါ ဖုန်းကို ကြည့်နေမိတယ် ။ အလုပ်အရမ်းများတဲ့ အချိန် ခဏမေ့သွားပြီး အလုပ်ပါးတာနဲ့ ချက်ချင်း ဖုန်းကို ပြန်ကြည့်မိတယ်။

အခုထမင်းစားနေရင်းနဲ့တောင် ထမင်းစားဖို့ကို စိတ်ထဲလုံးဝမရှိပဲ ဘယ်အချိန် ဖုန်းတုန်ခါလာမလဲဆိုတာပဲ မျှော်နေမိတယ်။ စားပွဲခုံ ခဏလှုပ်သွားတာကို ဖုန်းတုန်ခါတယ်ထင်ပြီးတော့ ဖုန်းကို ကမန်းကတန်းယူကြည့်လိုက်မိပြန်တယ်။

ကျွန်တော် ဖုန်းက အဝင် Call မရှိလာသေး။ ကျွန်တော် မောသွားပြန်တယ်။ အကို့ဆီက စာတိုလေး တစ်စောင်လောက် ပို့ရင်တောင် ကျွန်တော် ဒီလောက်ပူလောင် ဝမ်းနည်းနေရမှာမဟုတ်ဘူး။

ချစ်သူဆီက ဖုန်းခေါ်မှာကို စောင့်နေရတာ ဘယ်လောက်စိတ်မောရလဲ ကျွန်တော် အခုမှသိလိုက်ရတယ်။

ကျွန်တော့် စိတ်တွေလည်း ဟိုတွေ သည်တွေးနဲ့ အစွန်ဆုံးကို ကျော်လွန်နေပြီ ။

ကျွန်တော် သိနေတယ်။ အကို့ စိတ်တွေကျွန်တော့်ဆီမှာ မရှိတော့ဘူး။ အကို ကျွန်တော့်ကို မချစ်တော့ဘူး။ မဟုတ်ဘူး ကျွန်တော်က မမိုးနှောင်းငယ်ရဲ့ အနောက်ကို ရောက်သွားပြီ။

အကို့ရဲ့ အပြုအမူတွေကနေ တဆင့် အကို ကျွန်တော့်ကို မချစ်တော့ဘူးလို့ ခံစားလာရတဲ့ အခါသူကျွန်တော့်ကို ဘယ်တော့ ထားခဲ့မလဲ ။ ကျွန်တော်တို့ ဘယ်တော့ ဝေးရမလဲတွေးရင် ပူလောက်မွန်းကြပ်ရတယ်။

ဒုတိယလူ ( 2nd Person )Where stories live. Discover now