Daddy Xiao 9

3.9K 225 3
                                    

အနောက်ကလှမ်းမြင်နေရတဲ့ Daddy ကျောပြင်လေးက ဖက်တွယ်ထားချင်စရာအတိ ကျွန်တော်ရဲ့ daddy က တကယ်ကို ချစ်စရာကောင်းလွန်းသူ
မြင်နေရတဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း အနားကိုတရွေ့ရွေ့တိုးကပ်သွားရင်း ခါင်းလေးကို ဖက်လိုက်တော့ လက်တွေကို ဆုပ်ကိုင်လာတဲ့ daddy က yibo ကို သူ့အရှေ့ကို ဆွဲခေါ်လိုက်ကာ
yibo ကိုယ်လေးက daddy လက်မောင်းတွေကြားထဲစွေ့ကနဲ ပွေ့ချီခံလိုက်ရတာကြောင့် daddyလည်ပင်းကို ဖက်လိုက်ရင်း နဖူးလေးကို နမ်းလိုက်တော့ မှိတ်ချပေးလာတဲ့ မျက်ဝန်းတွေ
daddy မျက်နှာလေးက သိပ်မြတ်နိုးစရာ ချစ်စရာကောင်းလွန်းနေတာကြောင့် yibo မှာ အကြည့်မလွဲနိုင်ပါ နုတ်ခမ်းအောက်က မှဲ့နက်ကလေးကို ငေးကြည့်ကာ ခပ်ဖွဖွသာ နမ်းလိုက်တော့ ပြုံးပြီး yibo မျက်ဝန်း နက်နက်ထဲ စိုက်ကြည့်လာတဲ့ daddy အကြည့်က နူးညံ့ရီဝေနေတယ်
နူးညံ့တဲ့ နုတ်ခမ်းလေးကို ခပ်ဖွဖွ နမ်းရှိုက်မိတော့ ကျေနပ်စွာပြုံးလိုက်တဲ့ daddy က yibo ကို ချီရင်း ဝရံတာ လက်တန်းလေးပေါ်တင်ပေးလိုက်တယ်
ခါးလေးကို ပွေ့ထားတဲ့ daddy လက်တွေ
"daddy "
"baby ရယ် ချစ်လိုက်တာ "
နူးညံ့တဲ့အနမ်းမိုးတွေ က မျက်နှာလေးအနှံ့ခပ်စိပ်စိပ်ရွာသွန်းလို့လာတာကို ခံယူနေမိတယ်
အနမ်းလေးတွေ ရပ်တန့်သွားချိန် daddy ရှေ့မှာဒူးထောက်ထိုင်ချလိုက်တော့ အံ့သြတကြီးဖြစ်သွားတဲ့ daddy

လည်ပင်းက ဆွဲကြိုးလေးကို ချွတ်လိုက်ရင်း အမြဲကိုယ်နဲ့မကွာဆောင်ထားတဲ့ လက်စွပ်လေးကို Daddy လက်မှာစွပ်ပေးရင်း
"ဒီ လက်စွပ်ကလေးက မားမား အမွေပေးခဲ့တာ daddy ပါးက မားကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့လက်စွပ်လေးပါ မားက ကျွန်တော်ကို ပေးတုန်းက သား ဘဝမှာ အမြတ်နိုးရဆုံးသူ အချစ်ရဆုံးသူကို ဒီလက်စွပ်လေးနဲ့လက်ထပ်ခွင့်တောင်းပါတဲ့ ကျွန်တော် daddy ကို သိပ်ချစ်ပါတယ် ကျွန်တော် daddy ကို ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် ထားပါမယ် ကျွန်တော်ကို လက်ထပ်ပါ will you marry me daddy"
လက်စွပ်လေးကို ရှောင်းကျန့်လက်မှာ တယုတယနဲ့ ဝတ်ဆင်ပေးလာတဲ့ အသည်းငယ်လေး
ရှောင်းကျန့် မျက်ရည်တွေကျလာရင်း
"yes yes i will i will"
ရှောင်းကျန့်ခေါင်းကို အဆက်မပြတ်ညိတ်ပြရင်း ဖြေတော့ ပြုံးလို့သွားတဲ့ ရှောင်းကျန့်အသည်းအသက် လေး
"ကိုယ့်ကိုအံ့သြရင်ခုန်အောင် လုပ်တဲ့ ကိုယ့် သည်းငယ်လေး လာခဲ့ "
ရင်ခွင်ထဲ ရောက်လာတဲ့ ကလေးငယ်လေးက ရှောင်းကျန့်ရဲ့ မြတ်နိုးရခြင်း ချစ်ခြင်းတွေကို အပိုင်စားယူထားတဲ့ ရှင်ဘုရင်လေး
"ကိုယ် မင်းကို သိပ်ချစ်ရပါတယ် ကလေးငယ်ရယ်"
"ကျွန်တော်ကလဲ daddy ကို သိပ်ချစ်ရပါတယ် daddy ရယ်"

 Daddy Xiao  (ZSWW)Where stories live. Discover now