Daddy Xiao 6

5.3K 363 4
                                    

yibo စိတ်ညစ်ညစ်နဲ့ဖုန်းကိုရှေ့ချလို့ထိုင်နေမိတယ်
"အား zhan ge" ဆို အကျယ်ကြီးအော်ထုတ်လိုက်တယ် ကြားလို့မှကောင်းကြသေးလားဗျာ ကျွန်တော်မှာ အလုပ်ဘာတစ်ခုမှမရှိတော့ဖူး magazine ကလဲ သူ့ လက်အောက်ရောက်သွားပြီး editor နေရာကို ပေးမယ်ဆိုပေမယ့် yibo နဲ့စာချုပ်သီးသန့်ထပ်ချုပ်ရမဎ်ဆိုပြောတာကြောင့် မခံချင်စိတ်နဲ့ မလုပ်ဖူးပြောကာ ထွက်စာတင်ခဲ့တယ် yibo ရဲ့တခြားအလုပ် ကျောင်းသူလေးတွေကျောင်းသားလေးတွေ guideလုပ်ပေးရတာကလဲအခုချိန်ကကျောင်းတွေက ပိတ်ရက်ဆိုတော့ မရှိ
အခြားpart time တွေအကုန်ကလဲ yibo နာမည်ကိုကြားတာနဲ့ ဘယ်ကနေဘယ်လိုသိမှန်းမသိံsorry ဆိုတဲ့စကားကိုတွင်တွင်သုံးကြတယ် ဒါဟာ ဟိုလူကြီးစနက်တွေကြောင့်မှန်းသိနေတာမို့ အရှုံးမပေးချင်ခဲ့ ဒါပေမယ့် ဒါပေမယ့် yibo ပင်ပန်းလွန်းလာပြီ
အဆုံးမှာတော့ yibo တယောက် zhan ge ရဲ့ xiao ṁansion ကို ရောက်လာရတော့တာပင်

Xiao Mansion
အိမ်တော်ကြီးက
ကြီးကျယ်ခန့်ငြားလွန်းတာမို့ ကျောပိုးအိတ်လေးတလုံးနဲ့ အိတ်ကလေးတလုံးသာပိုက်လို့ ရောက်လာခဲ့တဲ့ yibo က သေးသိမ်သွားသလိုပင်
ဖုန်းလေးကိုထုတ်လို့ဆက်ရနိုးမဆက်ရနိုးတွေးမိနေရင်းက ခြံတံခါးကပွင့်လာတယ် ကားတစီးက သူ့ရှေ့မှာရပ်လို့ ကားထဲကထွက်လာတဲ့သူက စွေ့ကနဲပွေ့ဖက်လိုက်ခြင်းကိုခံလိုက်ရတယ်
"warmly welcome to my world "
အဲဒီနောက်တော့ yibo ဟာ ကားပေါ်ကို ပါသွားရတော့တာပင်

"ကျွန်တော် ကျွန်တော် "
"shhhhh babe ကိုယ်အားလုံးကို နားလည်တယ် ကိုယ်ရင်ခွင်မှာ ခိုနားလိုက်ပါတော့ ကိုယ့်ဘေဘီလေးပင်ပန်းခဲ့ပြီ"
ဆွဲယူပွေ့ဖက်ထားတဲ့ ရင်ခွင်ထဲ စိတ်ကိုလျှော့ချလိုက်တော့တယ်
"ချစ်တယ် လို့ပြော"
yibo နာနာခံခံနဲ့ပင် "ချစ်တယ် zhan ge" လို့ပြောတော့ မျက်နှာတပြင်လုံးပေါ်ကို ရောက်လာတဲ့အနမ်းတွေက ရင်ကိုပိုခုန်စေတယ်

အရာရာကို ခင်ဗျားအမိန့်တခုထဲနဲ့ရှင်သန်ချင်တော့တာပါပဲ ကျွန်တော်ကို စေစားပါ ကျွန်တော်က ခင်ဗျားရဲ့ နှလုံးသားထဲမှာနေချင်တာ ကျွန်တော်ကို ချစ်ပါ ကြင်နာပါ ကျွန်တော်က ခင်ဗျားကို ဘုရားသခင်လိုကိုးကွယ်တော့မှာမို့

 Daddy Xiao  (ZSWW)Wo Geschichten leben. Entdecke jetzt