"မင်းရုပ်ဆိုးကောင်မလား … …

ကျယ်လောင်တဲ့ ကျနော့် အော်သံတစ်ခန်းလုံးထက်ဟိန်းသွားခဲ့သည်။ ထိုစဉ်သူက

"သတိလည်းထားပါအုံး ဒါခဗျား သွားနေကျ ကလပ်မဟုတ်ဘူးဆိုတာ … …

"ဘာကွ … …

"တိတ်စမ်း Singto ဒါ အစည်းဝေးခန်း … … Sorryပါ ကိုယ်စားလှယ်krist  … …

ပါးရဲ့ အသံကြောင့် ကျနော်ဘာစကားမှ မထွက်ဘဲနေလိုက်တော့ သူက ကျနော့်ကို မဲ့ပြုံးပြနေသည်။

မင်းက kitမလား ဟိုရုပ်ဆိုးကောင်မလား ငါ့မှာတော့ မင်းသေပြီထင်ပြီး စိတ်မကောင်းနည်းနည်းဖြစ်မိနေတာ ခုတော့လည်း ကောင်းစားနေတယ်ပေါ့။ ပါးက သူkristဆိုတာမသိဘူးလား ။

အစည်းအဝေးလုပ်တာလောက် ပျင်းစမရှိပါ။ သူတို့ပြောသမျှကို နားမလည်လည်း လည်အောင်ထားလိုက်သည်။ အားလုံးပြီးပြီထင်သည်။ ထိုအချိန်ပါးက

"ကိုယ်စားလှယ် kristခဗျာ ဒါကကျနော့်သား Singtoပါ ဒါကတော့ ကျနော့်ချွေးမလောင်းလေး Mookပါ သူတို့နှစ်ဦးတည်းက တစ်ဦးနဲ့ ကိုယ်စားလှယ်ကြီးအလုပ်ကို တွဲလုပ်ခိုင်းလို့ရပါတယ် … …

ပါးစကားကြောင့် ကျနော်ကြောင်သွားသည်။ အလုပ်တွဲလုပ်ရမယ်ဆိုလား ဒီလို ဘာစာမှမတတ်တဲ့ ကောင်နဲ့လား အလကား မျက်နာဖုံးစွတ်ထားတဲ့ကောင် …

"ဟုတ်ကဲ့ ကျနော် Singtoနဲ့ တွဲပမယ် သူဌေးရဲ့ သားနဲ့လည်းရင်နီုးတာပေါ့ ယောက်ကျားချင်းပဲလေ … …

"ဟာဗျာ မဖြစ် … …

"တော်စမ်းSingto ကျနော့်သားကို အခွင့်အရေးပေးလို့ ကျေးဇူးပါ  … …

ပါးရဲ့ လှမ်တားတဲ့ အသံကြောင့် ကျနော်ခွန်းတုံမပြန်ဖြင့်လိုက်ပါ။ ရုပ်ဆိုးရေ မင်းငါ့ရွေးတာမှားပြီပဲ။ မှတ်လောင်အောင်ပညာပြရတာပေါ့နော်။ သူကတော့ကျနော့်ကို ပြုံးပြီးကြည့်နေလေသည်။

#######

Krist

မဲ့သွားတဲ့ သူမျက်နာကြီးကို ကြည့်ရငိး စိတ်ထဲအလိုလို ဝမ်းသာနေမိသည်။ တွေ့ကျသေးတာပေါ့ အကိုလေး အာ မှားလို့ Singto ။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now