အပိုင်း ၅

258 8 1
                                    


ဇေယျာပြောပြီးပြီးချင်းမှာ ထွက်လာသောစကားသံနှစ်ခုကြောင့် သူဆက်ပြောရမည်ဆိုတာသိတော့
"ဟုတ်တယ် ရဲရင့်တို့မိသားစုလွန်ခဲ့တဲ့ ၆နှစ်လောက်က သူ့အဖေ ငါ့အမေဆီအလုပ်လာလုပ်ခဲ့တယ် သီတင်းကျွတ်ဆိုလည်း သူတို့မိသားစုအိမ်လာ ကန်တော့ကြနဲ့ ငါတို့မိသားစုနဲ့အရမ်းရင်းနှီးခဲ့ကြတယ် မကြာပါဘူး ၂နှစ်လောက်လဲကြာကော"

"အေး ဘာဖြစ်လဲ အမြန်ပြောလေကွာ"
မြတ်သော်မျက်စောင်းထိုးကြည့်လိုက်လေသည် လောနေသောနေခကို

"သူတို့မိသားစု ကွာရှင်းလိုက်တယ် သူ့အဖေနောက်မိန်းမရှိလို့ လို့ကြားမိတယ်"

"အဲ့ဒါဆိုခုသူကဘယ်သူနဲ့နေနေတာလဲ သူဘယ်နှနှစ်လောက်လဲ"

"နေခရယ် မင်းကစိတ်ချည်းပဲ မလောနဲ့လေဇေယျာပြောနေတာပဲ"

"အေးလေနေခရယ် ဆက်ပြောမယ်နားထောင် သူကခုသူ့အမေနဲ့ နေနေတယ် သူ့အဖေကိုအရမ်းမုန်းနေတယ်တော့ကြားတယ် သူ့ကစိတ်ထိခိုက်လွယ်တယ် psychoနည်းနည်း ရှိသွားတယ်လို့ကြားတယ်"

"Psycho...."
နေခနဲ့မြတ်သော် သံပြိုင်ထွက်လာပြန်

"အေးဟုတ်တယ် အဲ့ဒါကသူ့ကိုဂရုစိုက်တာပဲလိုချင်တာ နည်းနည်းလေးဂရုမစိုက်မိတာနဲ့ သူ့ကိုဘယ်သူကမှမချစ်ဘူး သူ့မိသားစုကွဲရတာလဲ သူ့ကြောင့်စသည်ဖြင့် ၃.၄ ရက်လောက် ဝမ်းနည်းတာကွ"

"နေခ ဒါကတော့မင်းဖြစ်နိုင်ပါ့မလား"

"မသိတော့ဘူးမြတ်သော်ရာ သနားစိတ်အပြည့်ပဲရှိမိနေတယ်"

Cinema 1 ဝင်လို့ရပီနော် ဆိုသော ဝန်ထမ်းမလေးအသံကြောင့် ရုပ်ရှင်ရုံထဲဝင်လိုက် ကြသည်

#####
ရုံထဲကထွက်လာတော့ဇေယျာက

"အဲ့fightတဲ့ အခန်းမှာ မင်းသားသာ နည်းနည်းမတုံး ရင်ကောင်းမယ် ခုကဘာမှမလုပ်တတ်နဲ့ မင်းသမီးပဲရှေ့ကလသွားနေ အကောင်တွေလာတာနဲ့ အားအီးနဲ့သေတော့မလိုဖြစ်နေတဲ့ကောင်း"

နေခနဲ့မြတ်သော်ပြုံးမိကြသည်

"ဒါနဲ့နေခ ရဲရင့်...."

နေခဖုန်းဝင်လာတာကြောင့် ဇေယျာ စကားရပ်လိုက်သည်
"ခဏဇေယျာ မင်းတို့ပြန်ရင်ပြန်နှင့်ကြတော့"

ကျွန်တော်အရမ်းချစ်တာ "ကို"သိလားWhere stories live. Discover now