အပိုင်း ၄

1.2K 41 7
                                    

ဖုန်းချပီးသော်နေခရဲ့အချစ်တော်bffဖုန်းတမ်းဝင်လာသည်
"ကဲ ယူနော်ပလစ်တာဆိုတာ"
မြတ်သော် စပြီးအပြစ်တင်လိုက်သည်
"ယူရေ အိုင်အိမ်ထောင်ကျသွားလို့ဟေ့"
"ဟမ် ဘယ်လိုဘယ်လို"
"အင်းဟုတ်တယ် ကျောင်းရောက်မှအေးဆေးရှင်းပြမယ်"
"အေးပါ"
"..."
"ဒါနဲ့ ယူ့ရည်းစား ကြည်ပြာကကောဘယ်လိုလုပ်မှာလဲ"
"အေးကွာ ငါလည်းအဲ့ဒါစဉ်းစားနေတာ သူ့ကိုလည်းချစ်တယ်"
"အဲ့တော့တစ်ယောက်ယောက်ကိုတော့ပြတ်ပြတ်သားသားရွေးသင့်တာတော့အမှန်ပဲနော်နေခ"
"ငါသိတယ် ကြည်ပြာနဲ့ကတော့ကြာပီလေတွဲနေကြတာ ဟူးးးတော်ပီကွာ မစဉ်းစားချင်တော့ဘူး"
"အေးပါထားတော့ ဪငါ့နှယ့်လည်း ဖုန်းဆက်တဲ့အဓိကအကြောင်းအရင်းကိုမေ့နေတယ် "
"ကဲ ပြောပါဦး"
"မနေ့ဖြန် ရုပ်ရှင်ကြည့်မှာလိုက်မှာလား"
"ဘယ်သူတွေပါတုန်း"
"ဘယ်သူတွေရှိရမှာလဲ ငါရယ် ယူရယ် ဇေယျာရယ်ပဲလေ"
"အေးအေးငါလိုက်ခဲ့မယ် ဘယ်အချိန်လဲ"
"၁၂:၃၀ ကြည့်မယ်ဆိုတော့ ၁၁ အရောက်လာခဲ့ ငါဇေယျာဆီဖုန်းဆက်လိုက်ဦးမယ် ဒါပဲနော် bye bye"
"အေး bye.."
ဖုန်းချပီးသည်နှင့်ခေါင်းထဲအတွေးပေါင်းစုံဝင်လာခဲ့...ကြည်ပြာကိုလမ်းခွဲလိုက်ရင်လည်း...တွဲနေကြသည်ကိုကျောင်းကလူတိုင်းနီးပါးသိသည်...ကြည်ပြာကကျွန်တော်တို့ကျောင်းကqueenလေ...ကျွန်တော်မချစ်ဘူးလားဆိုလည်းချစ်ပါတယ်...လူနှစ်ယောက်ကိုတစ်ယောက်ရွေးဖို့ဘယ်လိုဖြစ်နိုင်မှာလဲဗျာ..ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးကိုကျွန်တော်ချစ်လို့ပဲ.....
အတွေးများစွာကြားထဲ နေခအိပ်ပျော်သွားခဲ့သည်
######
"သားရေ နေခ"ဒေါက်....."သားရေ...ထတော့"
တံခါးခေါက်သံနဲ့အတူ အမေ့ရဲ့အိပ်ယာနှိုးသံ နဲ့အစပြုလာခဲ့တဲ့ မနက်ခင်းလေးးးး
"ဟုတ်ကဲ့ ထပီမာမီရေ"
"မာမီလုပ်မနေနဲ့ အောက်မှာbreakfastထားခဲ့တယ် အမေ့အသ်အလျှူသွားစရာရှိလို့"
"ဟုတ်ကဲ့အမေ"
အမေ အခန်းပေါက်မှထွက်သွားသည့်အသံကြားသည်နှင့် လက်ကရောက်သွားသောနေရာ..ဖုန်းရှိရာသို့
"ဟာာsh*t အားကလည်းမရှိကျောင်းကသွားရပါဥိးမယ်ဆို"
ဖုန်းအားသွင်းကြိုးတပ်ပီး ရေချိုးခန်းထဲရေဝင်ချိုးပီး မှန်ရှေ့သေချာပြင်ဆင်ပီးဖုန်းကိုကြည့်မိတော့....မီးခလုတ်မဖွင့်ခဲ့မိ
"ဟာာာာ ကံတွေကောင်းချက်နေခရာ"
ကို့ဘာသာ ဝေဖန်မိနေသော...၅မိနစ်လောက်အားသွင်းပီး ဖုန်းပွင့်အလာ
"ဟာာာာာာာ.... သွားပီ"
miss calledအခါ ၆၃ခါခေါ်ထားသောကြည်ပြာနဲ့ Goodnightဆိုပီးအသည်းပုံလေးတွေနဲ့ရဲရင့်ပို့ထားသောSmsတစ်ခု
"ဟုတ်သား ညကငါgoodnightမှမပြောမိတာသူ့ကို ငါအစောကြီးအိပ်မိသွားတာပဲ"
(နေဝင်သွားသောအစစ်မကိုမေ့ပျောက်နေသော နေခ🤪)
Grabငှားပီး Taxiပေါ်ထိုင်တော့ဖုန်းခေါ်မိသည်
"ဟယ်လို ချစ်"
"အင်းကို ချစ်ညကတစ်ညလုံးဖုန်းခေါ်နေတာကို"
"ဟုတ်တယ် ညကကိုအိပ်ပျော်သွားတာ ဖုန်းအားကုန်သွားတာမသိလိုက်ဘူး"
"ထားပါ မနေ့ကအကိုနဲ့သွားတွေ့တာဘယ်အချိန်ပြန်ရောက်လဲ"
"ညနေလောက်ပဲ"
"ဪဒါနဲ့ချစ်ပြောဖို့မေ့နေလို့ ချစ်ဒီနေ့ပွဲတက်ဖို့ရှိလို့ညနေ ကိုလိုက်ပေးပါလား"
"ဘယ်အချိန်လဲ ချစ်"
"အင်းးးးး ညနေလောက်"
"ဟုတ်ပီ ကိုလိုက်ခဲ့မယ်"
"ကျောင်းက်ုချစ်ဒီနေ့မလာတော့ဘူးနော်"
"အင်းချစ် morningနော်"
"ဟုတ်morning ကို"
"အာဘွား တာ့တာ"
"ဟုတ်ကို တာ့တာ"
တစ်ခဏကြာတော့ ဖုန်းတစ်ခုဝင်လာ
"ဟယ်လို"
"ဘေဘီ နိုးပီလား"
"နိုးလို့ကျောင်းတောင်သွားနေပီ"
"ဘေဘီကို့ကိုချစ်လား"
"....."
"ဟာပြောလေ မချစ်ဘူးလား"
"ချစ်တာပေါ့ တကယ် အရမ်းချစ်တယ်"
"ဟားဟား ကိုယ်လည်းအရမ်းချစ်တယ် ကိုအလုပ်လုပ်လိုက်ဦးမယ်နော်"
"ဟုတ်ကဲ့ပါဗျ ဪဒါနဲ့ဒီနေ့၁၂နာရီရုပ်ရှင်သွားကြည့်မလို့"
"ဘယ်သူနဲ့လဲ"
"သူငယ်ချင်းတွေပဲရှိတာကို သွားကြည့်စရာဆိုလို့"
"အင်းပါ ဒါနဲ့ကျောင်းကကော"
"ဟီးး ပျက်မှာ"
"ဘာာာ"
"ဟာအော်လိုက်တာလူကို လိပ်ပြာလေးရယ်ဖလူဖလူ ပြန်လာခဲ့ပါ "
"နောက်မနေနဲ့ ဒီလောက်အော်တာလေးနဲ့ လိပ်ပြာမလွင့်ဘူး
အင်းဒီနေ့တစ်ရက်ပဲနော်ကျောင်းပျက်တာနောက်ဆုံးဖြစ်ပါစေ"
"ဟုတ်ကဲ့ပါ ဖေဖေ ရယ်"
"အင်းသားလေး အဖေလုပ်စရာတွေရှိသေးလို့ ဒါပဲ"
"ဟုတ်ဟုတ် အဖေ"
နေခ ရယ်မိသည်...ရွဲ့ပြောနေမိကြတဲ့ နှစ်ယောက်အကြောင်းတွေးရင်း
#*****#
"ဟဲ့...ကြည်ပြာ"
"အေး မိန့်တော်မူပါဦး"
"ငါစကားကောင်းပြောမလို့ final yrsကKingလေ သူကနင့်ကိုစိတ်ဝင်စားလို့တဲ့ ငါတော့သေတာပဲ"
"ဟမ် ငါ့မှာရည်းစားရှိတယ်ဆိုတာသိတယ်မလား ဒါနဲ့နင်ကကောဘာလို့သေရတာလဲ"
"အေးလေနင်ရည်းစားရှိတာသိတယ် ငါကအဲ့Kingနဲ့နေခကိုshipတာလေ နှစ်ယောက်သားက ဖြူဖြူချောချောလေးတွေ Kingကအရပ်ပိုမြင့်တော့seme typeကြီးလေဟယ်"
"$ကောင်မ အကောင်းအောက်မေ့လို့နားထောင်နေတာ နေခက ငါ့ရည်းစားဆိုတာမေ့မနေနဲ့ဦး"
"အေးပါဟယ်နင့်ရည်းစားမလို့လဲ shipတာပေါ့"
"ထားပါဟယ်ငါ့ရဲ့ ရှားရှားပါးပါးရည်းစား straightလေးကို ခိခိ"
"အမလေး တကတည်း"
"နင်ကငါ့အိမ်ထိလာရှာတယ်ဆိုတော့ဘာကိစ္စ မိဆုမြတ်"
"ဪ အေးမနေ့ကနေခအကိုဆိုတဲ့လူနဲ့နေခကို ငါ့ညီမfujoshiမြင်ခဲ့တယ်တဲ့ ဘေးကတစ်ယောက်ကချောချောလေးတဲ့ modelလားပဲတဲ့"
"ဟဲ့ နင်တို့fujoshiဖြစ်တာမျိုးရိုးလိုက်တာလား တစ်ဆွေလုံးတစ်မျိုးလုံးများfujoshiလား"
"အေးလေ ငါ့အမေတွေအဒေါ်တွေအဘွားတွေမောင်လေးတွေ ညီမလေးတွေကို ငါပဲဇာတ်သွင်းထားတာ"
"အဖေတွေကျတော့မသွင်းရဲဘူးမလား"
"သွင်းလို့ကတော့ထရိုက်နေမှ ...အမေဆိုလည်းယောကျာ်းလေးနှစ်ယောက်တွဲမြင်တာနဲ့အဲ့လိုပဲထင်နေတာ ငါကညီအကိုလို့ပြောတာတောင်မရပါဘူးဟယ် ငါ့ထက်ဆိုးတယ်"
"အမလေးဟယ် နင်လည်းမလွယ်ဘူး"
"အဲ့တာထားစမ်းပါ ခုနကငါပြောနေတဲ့စကား....နင့်ရည်းစားနေခကိစ္စ."
"ညီအကိုပါဆိုဟယ်"
"ခုခေတ်ညီအကိုတွေကလည်း အမည်ခံများတယ်နော် ဖန်သားနန်းတော်ကြီးရှတာလည်းကြည့်ရှ semeအရှခံရရင်တော်သေး ukeရှတာသာဆိုလို့ကတော့ဖန်သားနန်းတော်တင်မကဘူး ဖန်သားကမ္ဘာကြီးကိုသွေးအစိမ်းစိမ်းထွက်ပီးရှတာပဲ"
"ကဲတော်တော်....မိဆုမြတ်"
စကားရပ်လိုက်ကြပေမယ့်....ကြည်ပြာခေါင်းထဲ ဆုမြတ်စကားများကိုစဉ်းစားမိနေရင်းသာ
----------
နေခကျောင်းအခန်းထဲဝင်လာပီး ဇေယျာနဲ့မြတ်သော်gameဆော့နေကြသည်ကို....နောက်မှခေါင်းပုတ်ရင်း
"ဟေ့ကောင်တွေ"
နှစ်ကောင်တစ်ပြိုင်တည်း နောက်လှည့်ကြည့်ပီး..ရှေ့ပြန်လှည့်ကာဖုန်းကိုဆက်ပွတ်ရင်း..
"အေးရောက်လာသေးတယ် "
"အေးကွာထွက်လာခါနီးဖုန်းအားမရှိလို့"
"အမြဲဆင်ခြေကောင် အဲ့ကောင်ကိုပြောမနေနဲ့တော့မြတ်သော် လူအချိန်မှီရောက်လာတာသာကံကောင်း"
"အေးပါ ပြောကြပါအကိုတို့ရယ် "
****
gameဆော့ပီးသည်ှိင့်အတန်းချိန် လစ်ကာ ရုပ်ရှင်ရုံသို့လာနေရင်း..taxiပေါ်တွင်
"နေခ"
"အေး"
"မင်းရည်းစားရနေပီဆို မြတ်သော်ပြောတာ"
"ဘာ"
ဘေးမှာထိုင်နေသောမြတ်သော်ကို လက်သီးရွယ်ပြကာ အရှေ့ခန်းမှာထိုင်နေသေယဇေယျာအမေးကိုဖြေလိုက်သည်
"အေး ဟုတ်တယ်"
"Bဆိုသူက"
"ဘာကိုBတုန်း"
"ငိုးမရ boyလားလို့"
"အေး"
"ဒါနဲ့ မင်းကြည်ပြာကကော ပြတ်လိုက်ပီလား"
"မပြတ်သေးပါဘူး ဇေယျာရာ"
"မင်းဘာလို့နှစ်ယောက်ပြိုင်တွဲနေတာလဲ အဲ့လိုနှစ်ယောက်ပြိုင်တွဲနေတဲ့လူတွေကိုငါရွံ့တယ်"
ဘေးမှထိုင်နေသော မြတ်သော်ကထောက်ခံတဲ့ပုံနဲ့ လက်မထောင်ပြသည်...နေခစိတ်ထဲဆဲမိတာတော့အမှန်ပင်
"အေးပါကွာ ငါပြတ်ပြတ်သားသားလုပ်မှာပါ"
"အေးပါ"
တိတ်ဆိတ်သွားသောကားပေါ်..စကားပြန်စလာသောမြတ်သော်...
"ဒါနဲ့မင်းချစ်သူကောင်လေးအကြောင်းပြောဖို့အစီအစဉ်မရှိဘူးလား ဟီးးး"
"ခုလောလောဆယ်တော့မင်းကိုဂုတ်ချိုးသတ်ချင်နေတာတော့ အစီအစဉ်ရှိတယ်"ဇေယျာမကြားအောင်တိုးတိုးသာပြောလိုက်.....
"အေးလေ နေခပြောပြပါလားငါတို့ကို"
"ဟမ် မင်းတို့နှစ်ယောက်လုံးတကယ်သိချင်နေကြတာလား"
"အေးပါကွာပြောစမ်းပါ"
"သူ့နာမည်က ရဲရင့်............."အစအဆုံးပြောပြပီးးးး
ဇေယျာဆီမှထွက်လာသော စကားသံတစ်သံ
"ရဲရင့်ဆိုတာ တစ်ချိန်ကနာမည်ကြီးceleဆိုတဲ့ကောင် မလား ချောချောလေး ပြုံးလိုက်ရင်ပိုဆွဲဆောင်မှုရှိတဲ့ကောင်မလား"
"အေးမင်းသိတယ်လား သူ့ကို"
"ဟားးးးးး သိပ်သိတာပေါ့"
"သိတာမှ မိသားစုအချင်းချင်းပါသိကြတဲ့အထိပေါ့ကွာ"
"ဘယ်လို""ဘယ်လို"
နေခနဲ့မြတ်သော်ထံ မှအာမေဠိတ် သံပြိုင်တူထွက်လာမိသည်.........
"မင်းနဲ့ငါတို့ငယ်ငယ်လေးတည်းကပေါင်းလာကြတာလေ သူနဲ့သူငယ်ချင်းဆိုတာမကြားဖူးဘူး.."

အပိုင်း(၅) မျှော်*****mature scene လေးတွေလာပေးရင်ကောင်းမလာပဲ ဟီးးးး နောက်အပိုင်းတွက်စဉ်းစားထားတာ 😐

ကျွန်တော်အရမ်းချစ်တာ "ကို"သိလားWhere stories live. Discover now