ဖန်းဂူရင်ခွင်ထဲမှာ နာကျင်စွာ ညည်းညူရင်း လိုက်ပါလာခဲ့တယ် …

အိမ်တော်ကိုရောက်တော့ ဖန်းဂူက လက်ထဲက မင်းယွီကို ကုတင်ပေါ်အသာချလိုက်ပြီး ဆရာဝန်ကိုပင့်ခေါ်စေတယ် …

ဒါက ရောဂါမဟုတ်ပဲ သဘာဝအလျှောက်ဖြစ်တာမို့ ဆေးခန်းကိုသွားပြနေဖို့မလိုဘူး …

မင်းယွီက ကားပေါ်မှာပဲ ဖန်းဂူရင်ခွင်ထဲ၌ အိပ်ပျော်သွားရာ အိမ်ရောက်သည်ထိမနိုးခဲ့ …

" သခင်လေး …

ကျွန်တော် ရှင်းပေးလိုက်မယ် …

ရေချိုးပြီး အဝတ်အစားလဲလိုက်ပါလား "

သွေးတွေက ဖန်းဂူဘောင်းဘီတလျှောက်ပေကြံနေခြင်းကြောင့် ချူးရှန့်က သခင်အသန့်ကြိုက်သည်ကိုသိနေ၍ မင်းယွီကို ချူးရှန့်အဝတ်အစားလဲပေးမယ်လို့ ပြောလိုက်တဲ့အခါ သံမဏိလက်သီးက ချူးရှန့်ခေါင်းပေါ် ဒေါင်ကနဲ ကျရောက်လာတယ် …

" ဘယ်သူ့က သူ့ရဲ့အယ်ဖာလဲ …

ခုမင်းထွက်သွားရမဲ့အချိန်လို့မထင်ဘူးလား "

" ဗျာ "

အရင်လဲ ကျွန်တော်ပဲ သန့်ရှင်းပေးရတာပဲကို ဒီတစ်ယောက်ကြမှ ဘယ်လိုဖြစ်ပါလိမ့် …

ဒီပုံစံက အမှန်တကယ်ကြီး သခင်က မင်းယွီယောက်ျားနေရာ နေတော့မှာလား … ဘုရားရေ …

ချူးရှန့်အတွေးနဲ့တင် ကြက်သီးမွေးညင်းထလာ၍ အခန်းထဲကနေ အမြန်ထွက်လာခဲ့တယ် …

ရှန်ဖန်းဂူဆိုတဲ့သခင်က အိုမီဂါတစ်ယောက်ကို သူ့လက်နဲ့ကိုယ်တိုင်ပြုစုမယ် … ဒါကဖြစ်နိုင်ပါ့မလား …

အခန်းထဲတွင်တော့ …

ဒါကစိတ်ပျက်ဖို့ကောင်းတယ် … ဒါပေမဲ့ ငါ့ကတိအတိုင်း မင်းကိုဂရုစိုက်ပေးဖို့လိုတယ် …

မင်းယွီကိုယ်ပေါ်က အင်္ကျိတွေကို တစ်လွှာချင်း ချွတ်လိုက်တော့ ဖြူဥနေတဲ့ အသားအရေလေးတွေက ရေပေါက်လေးတွေလိုကြည်လင်နေပြီး လည်ပင်းပေါ်က ဖန်းဂူပေးထားတဲ့အမှတ်အသားလေးတွေက သေရာပါမည့်အလား အထင်းသားပေါ်နေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now