Kai::ကဲ ရန်ဖြစ်တာ အိမ်ရောက် မှ ဆက်ဖြစ်မယ်! ခုဆက်တာက မင်းဆီက Sehun ယူသွားတဲ့ ရတနာ နံပါတ်တွေ ရှိတယ်မို့လား? အဲ့ဒါတွေ ကိုယ့်ကို Msg ပို့လိုက်! ရှာရတာ လွယ်အောင်"

Sooလဲ "ပြီးရောလေ ပို့လိုက်မယ်! သြော် ဒါနဲ့ ဟန်ဆောင်လင်မယားနော် ချော်လဲ ရောထိုင် ပြီး ရှင်ကသာ စွတ်ပျော်မနေနဲ့ "

ပြောပြီးဂွက်ကနဲ ဖုန်းချသွားသည်။

Kai လဲဖုန်းကိုသာ လက်သီးထောင်ပြပြီး ပြန်ဝင်လာခဲ့သည်။

ဒီလိုနဲ့ Kai နဲ့Soo လက်ထပ်တာ ၁ပတ်ကြာပြီ။ သူတို့နှစ်ယောက်ကတော့ မျက်နှာချင်းမဆိုင်လိုက်နဲ့။ ဆိုင်လိုက်တာနဲ့ ရန်ုဖြစ်တော့သည်။ အတူစားတာ မနက်စာ တစ်နပ်ပဲ ရှိတာတောင် Kai ဖျော်သော Coffee ကို "ချိုလို့" "ပေါ့လို့" "ခါးလို့" အမျိုးမျိုးပြောတတ်ပြီိးကိုယ့်ဟာကို လဲ ဖျော်မသောက်! မနေ့ညကလဲ TV လုရင်း kai ကိုမနိုင်၍ ဆောင့်အောင့်ပြီး အခန်းထဲ ဝင်သွားသည်။

Kai ဒီကောင်မလေး အကြောင်းကို ၁ပတ်နှင့်ပင် တော်တော်သိသွားသည်။ စိတ်က ခုထိ ကလေးတစ်ဝက် လူကြီးတစ်ဝက်… တွေ့တာနဲ့ ရန်ဖြစ်ပေမဲ့ သူမ စိတ်ရင်းလေးက ကောင်းသည်။ တကယ့် အဖြူထညိလေး… အေးပေါ့လေ ဒါကြောင့်လဲ ရည်းစား ၂ယောက်ထား၂ယောက်လုံး ဆီက လှည့်စား ခံခဲ့ရတာ… Kai တွေးရင်းမှ Lu ကိုမြင်ယောင်လာတော့ ငါလဲ မထူးပါဘူးလေဟု ပြုံးလိုက်မိသည်။

ဒီနေ့က Sunday.  Company ပိတ်ရက် ဖြစ်သဖြင့် နှစ်ယောက်လုံးအိမ်မှာ…  အပြင်လဲ မသွားချင်တာမို့ Kai အိမ်မှာ ပင် Channel တွေပြောင်း ကြည့်ရင်း Euro sports မှ ရေခံပြင် စကိတ်စီး ပြိုင်ပွဲလာနေတာကို ကြည့်နေမိသည်။

Kai ငယ်ငယ်တုန်းက Training ဆင်းဖူး၍ Pro အဆင့် မဟုတ်သော်လဲ ကောင်းကောင်းစီးတတ်သည်။ သြော် အဲ့ဒီတုန်းက လွတ်လပ်မှု လေးတွေ ပြန်တောင် စီးချင်လာပြီ…

Kai စိတ်ကူးလေးကို ဝရံတာ မှ အသံက ဖျက်စီးလိုက်သည်။ ဘယ်သူရှိ မလဲ? ပုတက်ပေါ့! Kai နဲ့ရန်ဖြစ်ရတာ အားမရလို့ ခုဘယ်သူ့ဆီ ဖုန်းဆက် ရန်ဖြစ်နေလဲ မသိဘူး… အသံက နှာခေါင်းငိုသံနှင့်…

"ဟာာာ! Heechul ya. နင်ပဲ ပြန်ရောက် ရင် ငါ့ကို သင်ပေးမယ်ဆို?! ခုသင်ပေးတော့လေ ငါအားတယ်"

A String AttachedWhere stories live. Discover now