Soo စကားပင် မဆုံးလိုက် Kai ဆက်ပြီး
"ထားပါ ရပါတယ် ကိုယ်ကပဲ သဘောထား ကြီးကြီးနဲ့ ခွင့်လွှတ် ပေးလိုက်ပါ့မယ်! ပြစ်မှား ဖို့?! ဝေးသေး မင်းလိုပြူးစိန် ပုတက် ကို တစ်မိနစ်တောင် ပြည့်အောင် မကြည့်ဘူး စိတ်ချ!" Kai ပြောပြီးလက်မှတိထိုးပေးပြီးတော့
"ထိုးတယ် ဒီမှာ ရော့! ဘာနဲ့ကပ်ပေးရမလဲ?
Super glue နဲ့လား? ATM ကော််နဲ့လား?
ဘောင်သွင်းပြီး ချိတ်ထားပေးရမလား?"
Kai ရွဲ့ကာ မေးတော့ Soo လဲ အသင့်ယူ လာသော Super glue တောင့်လေးကို ထောင်ပြပြီး "Super glue နဲ့! ပေး" ဟုဆ်ုကာ စာရွက်ကို ဆွဲယူပြီး သွားကပ်လေသည်။
Kai စိတ်ထဲမှာတော့…
"ဘယ်လိုငပုတက်လေး မှန်းကို မသိဘူး ခုတစ်မျိုး တော်ကြာတစ်မျိုး တတ်လဲ တတ်နိုင်တယ်" ဟုတွေးမိတော့သည်။
Kai ရုံးခန်းကို ရောက်တော့ ဖုန်းတစ်ခုကို ခေါ်လိုက်သည်။
"Hello? Angel agency ကလား? လုနှစ်ယောက် ကို ရှာချင်လို့ပါ…"
"နာမညိက Lu Han နဲ့ Sehun"
"ဟုတ်ကဲ့ ပြည်တွင်းရော ပြည်ပ မှာပါ ရှာပေးပါ"
"ရှာလို့လွယိဖို့က ဓာတ်ပုံ ပို့လိုက်မယ်
သြော်ပြီးတော့ သူတို့မှာ ရတနာ ပစ္စည်းတွေ ပါသွားတယ်! ရတနာ နံပါတ်လား? ပြီးရင် msg ပို့လိုက်မယ်နော်"
Kai ပြောစရာ ရှိတာ ပြောပြီး ဖုန်းချလိုက်သည်။ မိုးမြေတစ်ဆုံး ပြေးပေါ့ကွာ မင်းတို့င်္တွေ! သူများအချစ်ကို လှည့်စားပြီး သူများပစ္စည်းဥစ္စာ နဲ့မင်းတို့ ဘယ်လောက် ပျော်ရွှင် နိုင်မှာလဲ…
Kai တံခါးခေါက်သံကြား၍ အတွေးစတို့ ပျက်သွားသည်။ ကြည့်လိုက်တော့ Tao!
ရုပ်က စပ်ဖြဲဖြဲနှင့်… သြော် ဒီကောင် ကောင် မလေးတစ်ယောက် ပါခေါ်လာတာကိုး! ဒါကြောင့်မှို ရတဲ့ ရုပ် ပေါက်နေတာ!
Tao က စပြီး " Hello! သတို့သား အသစ်စက်စက်လေး~~ မင်းကို ဒီနေ့ Company တောင် မလာနိုင်ဘူး ထင်တာ"
ပြောရင်း မျက်စီတစ်ဖက် မှိတ်ပြသည်။ ဒီကောင် တော့လား သိသိကြီးနဲ့ မနေ့က ရော ဒီနေ့ပါ ဆေးကျွေးသည်။ နှစ်ယောက် ထဲဆို အခု လက်သီးစာ မိနေလောက်ပြီ! ခုတော့နော်… Kai လဲရယ်လိုက်ပြီး
Part 7
Start from the beginning
